ဖုန်းတစ်လုံး ဈေးလောက်နဲ့ လူတူစက်ရုပ် ဝယ်နိုင်ပြီ

Beijing မှာ အခြေစိုက်တဲ့ Noetix Robotics ကုမ္ပဏီက Bumi လို့ခေါ်တဲ့ လူပုံစံစက်ရုပ် သေးသေးလေးတစ်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။ အားလုံးကို အံ့အားသင့်စေတာကတော့ သူ့ရဲ့ဈေးနှုန်းပါပဲ။ သူ့ရဲ့ ဈေးနှုန်းဟာ ယွမ် ၉,၉၉၈ (ဒေါ်လာ ၁,၃၇၀ ဝန်းကျင်) ပဲ ရှိတာကြောင့်၊ ဒါဟာ ဈေးကြီးတဲ့ စမတ်ဖုန်းတစ်လုံး ဒါမှမဟုတ် ကော်ဖီဖျော်စက် ကောင်းကောင်းတစ်လုံးရဲ့ ဈေးနှုန်းလောက်နဲ့ လူပုံစံစက်ရုပ်တစ်ရုပ် ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

ဒီ Bumi စက်ရုပ်လေးဟာ အရပ် ၃.၁ ပေ ရှိပြီး၊ အလေးချိန် ၂၆.၅ ပေါင်ပဲ ရှိပါတယ်။ သူက သေးငယ်ပြီး ပေါ့ပါးတဲ့အပြင် ပညာရေးနဲ့ အိမ်မှာ အသုံးပြုဖို့အတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတာပါ။

China unveils world's cheapest humanoid robot under $1,400

ဈေးသက်သာတယ်ဆိုပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်က မခေပါဘူး။ အစောပိုင်း သရုပ်ပြမှုတွေမှာ Bumi ဟာ သူ့ရဲ့ ဈေးနှုန်းတန်းနဲ့ မလိုက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ လမ်းလျှောက်နိုင်တာ၊ ဟန်ချက်ထိန်းနိုင်တာ၊ နောက်ပြီး ကပြနိုင်တာကိုတောင် တွေ့ရပါတယ်။

ဒီလောက် ဈေးသက်သာရတဲ့ အဓိကအကြောင်းရင်းကတော့ သူ့ကို ပေါ့ပါးတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားလို့ပါပဲ။ ပြီးတော့ စက်မှုလုပ်ငန်းသုံး တာဝန်ကြီးတွေ လုပ်ဖို့ မဟုတ်ဘဲ၊ လူတွေနဲ့ အပြန်အလှန် ဆက်ဆံဖို့နဲ့ လေ့လာသင်ယူမှုတွေ လုပ်နိုင်ဖို့ အာရုံစိုက်ထားပါတယ်။ သူ့ရဲ့ သီးသန့် လှုပ်ရှားမှု ထိန်းချုပ်ရေးစနစ်နဲ့ ဖြုတ်တပ်ပြင်ဆင်လို့ လွယ်ကူတဲ့ ဒီဇိုင်းတွေက တော်တော်မိုက်ပါတယ်။

Ref : Technology Innovation

The post ဖုန်းတစ်လုံး ဈေးလောက်နဲ့ လူတူစက်ရုပ် ဝယ်နိုင်ပြီ appeared first on MyTech Myanmar.

Comments