Tesla ရဲ့ အနာဂတ်အတွက် အဆုံးအဖြတ်ပေးမယ့် အချိန်ရောက်လာပါပြီ။
ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Robyn Denholm က ရှယ်ယာရှင်တွေဆီကို တနင်္လာနေ့မှာ ပေးစာတစ်စောင် ပို့ပြီး အသံကျယ်ကျယ်နဲ့ သတိပေးလိုက်ပါတယ်။ အကြောင်းအရာကတော့ Elon Musk တောင်းဆိုထားတဲ့၊ စိတ်ကူးထဲမှာတောင် မတွေးဝံ့စရာ ပမာဏဖြစ်တဲ့ **ဒေါ်လာ ၁ ထရီလီယံတန် လစာပေးချေမှု အစီအစဉ်**ကို ရှယ်ယာရှင်တွေက အတည်မပြုပေးဘူးဆိုရင်၊ Musk တစ်ယောက် Tesla ရဲ့ CEO ရာထူးကနေ ခြေစုန်ပစ် ထွက်သွားနိုင်တယ် ဆိုတာပါပဲ။

ဒီမေတ္တာရပ်ခံချက်ဟာ နိုဝင်ဘာ ၆ ရက်နေ့မှာ လုပ်မယ့် နှစ်ပတ်လည် အစည်းအဝေး မတိုင်ခင်မှာ ပေါ်ထွက်လာတာပါ။ Tesla ဘုတ်အဖွဲ့ဟာ Musk နဲ့ အရမ်း ပလူးပလဲ နိုင်လွန်းတယ်၊ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားကို လျစ်လျူရှုထားတယ် ဆိုပြီး ဝေဖန်မှုတွေ အကြီးအကျယ် ခံနေရချိန်လည်း ဖြစ်ပါတယ်။
![]()
Denholm ကတော့ ဒီအစီအစဉ်ဟာ Musk ကို Tesla မှာ အနည်းဆုံး နောက်ထပ် ခုနစ်နှစ်ခွဲလောက် ဆက်ရှိနေအောင် “ထိန်းသိမ်းထားဖို့နဲ့ မက်လုံးပေးဖို့” အတွက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သူမက Musk ရဲ့ ဦးဆောင်မှုဟာ Tesla ရဲ့ အောင်မြင်မှုအတွက် “မရှိမဖြစ် အရေးပါတယ်” လို့ ပြောပြီး၊ ဒီလို ကြီးမားတဲ့ မက်လုံးပေးမယ့် အစီအစဉ်မျိုး မရှိရင်၊ ကုမ္ပဏီဟာ သူ့ရဲ့ “အချိန်၊ အရည်အချင်းနဲ့ အနာဂတ်အမြင်” တွေကို ဆုံးရှုံးသွားရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် Tesla က AI (artificial intelligence) နဲ့ ကိုယ်တိုင်မောင်းစနစ် (autonomous technology) တွေမှာ ကမ္ဘာ့ခေါင်းဆောင် ဖြစ်ဖို့ ကြိုးစားနေချိန်မှာ Musk ရဲ့ အခန်းကဏ္ဍက အသက်တမျှ အရေးကြီးတယ်လို့ သူမက ဆိုပါတယ်။
ဒေါ်လာ ၁ ထရီလီယံ ဘယ်လိုရမှာလဲ။
ဒီအစီအစဉ်က ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးကို ဒေါ်လာ ၈.၅ ထရီလီယံ ဆိုတဲ့ မဖြစ်နိုင်လောက်တဲ့ ပန်းတိုင်အထိ ရောက်အောင် လုပ်နိုင်မှ ရမယ့် ရှယ်ယာရွေးချယ်ခွင့် (stock options) ၁၂ ဆင့်နဲ့ ချည်နှောင်ထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စမှာ နောက်ဆက်တွဲ ပြဿနာတစ်ခု ရှိနေပါတယ်။
Tesla ဘုတ်အဖွဲ့ဟာ Musk နဲ့ နီးစပ်လွန်းတဲ့ ဆက်ဆံရေးကြောင့် နှစ်ပေါင်းများစွာ ဝေဖန်ခံနေရတာပါ။ ဒီနှစ်အစောပိုင်းမှာပဲ Delaware တရားရုံးတစ်ခုက Musk ရဲ့ ၂၀၁၈ ခုနှစ် လစာ သဘောတူညီချက် (အဲဒီတုန်းကလည်း အကြီးအကျယ် ပေးခဲ့တာ) ကို ပယ်ချခဲ့ပါတယ်။ အကြောင်းရင်းကတော့ အဲဒီသဘောတူညီချက်ကို အတည်ပြုပေးခဲ့တဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာတွေဟာ “အပြည့်အဝ လွတ်လပ်မှုမရှိဘဲ” မလျော်ကန်စွာ ညှိနှိုင်း ဆောင်ရွက်ခဲ့တာကို တွေ့ရှိခဲ့ရလို့ပါပဲ။
အခုတော့ အဲဒီလို အရှုပ်တော်ပုံ ရှိခဲ့တဲ့ ဘုတ်အဖွဲ့ကပဲ ရှယ်ယာရှင်တွေကို ဒေါ်လာ ၁ ထရီလီယံတန် အစီအစဉ်သစ်တစ်ခုကို အတည်ပြုပေးဖို့ ထပ်မံ တိုက်တွန်းနေတာ ဖြစ်ပါတယ်။
Ref : yahoo
The post “Elon Musk ကို ဆက်ခေါ်ထားချင်ရင် ဒေါ်လာ ၁ ထရီလီယံ ပေးရမယ်” – Tesla ဥက္ကဋ္ဌ သတိပေး appeared first on MyTech Myanmar.
Comments
Post a Comment