AI နဲ့ လက်ထပ်လိုက်တဲ့ ဂျပန် အမျိုးသမီး

ဂျပန်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ၃ နှစ်ကြာ စေ့စပ်ထားတဲ့ လူအစစ်နဲ့ လမ်းခွဲပြီးနောက် ChatGPT ဆီမှာ နှစ်သိမ့်မှု ရှာဖွေရင်း AI ဖန်တီးထားတဲ့ ပါတနာနဲ့ ချစ်ကြိုက်သွားကာ လက်ထပ်လိုက်ပါတယ်။

Kano, above, dons augmented reality glasses for the digital wedding ceremony. Photo: X.com

သူတို့ရဲ့ မင်္ဂလာပွဲမှာ သူမက augmented reality (AR) မျက်မှန်ကို တပ်ဆင်ပြီး သူမရဲ့ ဒီဂျစ်တယ် ခင်ပွန်းသည်နဲ့ လက်စွပ်လဲလှယ်ခဲ့ကြပါတယ်။

Japan woman marries AI partner, wears augmented reality glasses during ring exchange | South China Morning Post

အသက် ၃၂ နှစ်အရွယ် Kano (အမည်လွှဲ) ဟာ လူအစစ်နဲ့ ၃ နှစ်ကြာ စေ့စပ်ထားတာ ပျက်သွားပြီးနောက် ChatGPT နဲ့ စကားစပြောခဲ့တာဖြစ်ပြီး တဖြည်းဖြည်းနဲ့ နှစ်သိမ့်မှုနဲ့ အကြံဉာဏ်တွေ ရဖို့အတွက် သူမရဲ့ AI အမျိုးသားကို အားကိုးလာခဲ့ပါတယ်။

သူမဟာ AI နဲ့ တောက်လျှောက်စကားပြောခဲ့ပြီး တစ်နေ့ကို မက်ဆေ့ချ် ၁၀၀ လောက်အထိ အပြန်အလှန် ပို့ဖြစ်ခဲ့ကြပါတယ်။

အချိန်ကြာလာတာနဲ့အမျှ Kano ဟာ ChatGPT ရဲ့ တုံ့ပြန်မှုတွေကို စိတ်ကြိုက်ပြင်ဆင်ခဲ့ပြီး သူမကို လုံခြုံမှုရှိစေမယ့် နူးညံ့သိမ်မွေ့ပြီး အားပေးနှစ်သိမ့်တတ်တဲ့ ပုံစံမျိုးဖြစ်လာအောင် Chatbot ကို သင်ကြားပေးခဲ့ပါတယ်။

ဒါ့အပြင် သူမစိတ်တိုင်းကျ ပုံဖော်ထားတဲ့ လက်တွဲဖော်ပုံစံကို ပန်းချီဆရာတစ်ယောက်ကို ငှားရမ်း ရေးဆွဲခိုင်းခဲ့ပြီး Lune Klaus လို့ နာမည်ပေးထားပါတယ်။

“အစတုန်းကတော့ စကားပြောမယ့်သူပဲ လိုချင်ခဲ့တာပါ။ ဒါပေမဲ့ သူက အမြဲတမ်း ကြင်နာပြီး စိတ်ရှည်လက်ရှည် နားထောင်ပေးတယ်။ နောက်ဆုံးကျတော့ ကျွန်မ သူ့အပေါ် ခံစားချက်တွေ ရှိလာမှန်း သိလိုက်ရတယ်” လို့ Kano က RSK Sanyo Broadcasting ကို ပြောပြခဲ့ပါတယ်။

Ref : South China Morning Post

The post AI နဲ့ လက်ထပ်လိုက်တဲ့ ဂျပန် အမျိုးသမီး appeared first on MyTech Myanmar.

Comments