iPhone stand တစ်ခုတည်းကို မြန်မာငွေ ၃ သိန်းနီးပါးနဲ့ Apple ရောင်းချ

ဒီလ ၂၀ ရက်နေ့မှာ Apple က သူ့ရဲ့ အွန်လိုင်းစတိုးမှာ iPhone ဆက်စပ်ပစ္စည်းအသစ်တစ်ခုဖြစ်တဲ့ Hikawa Phone Grip and Stand ကို ထပ်မံဖြည့်စွက် ရောင်းချပေးလိုက်ပါတယ်။ ဒီပစ္စည်းလေးကတော့ ဒေါ်လာ ၆၉.၉၅ တောင် ကျသင့်မှာဖြစ်လို့ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၃ သိန်းနီးပါးလောက် ကျသင့်မယ့် stand တစ်ခု ဖြစ်ပါတယ်။

Apple's new limited edition iPhone grip is all about accessibility | The Verge

🔶ဒီလောက် ဈေးကြီးတာ ဘာတွေပါလို့လဲ

ဒီ Hikawa Phone Grip and Stand ကတော့ မသန်စွမ်းသူတွေ၊ အထူးသဖြင့် လက်ချောင်း လှုပ်ရှားမှုပိုင်း၊ ကိုင်တွယ်မှုပိုင်းနဲ့ ထိန်းချုပ်မှုပိုင်းဆိုင်ရာ အခက်အခဲရှိသူတွေရဲ့ အကြံပြုချက်တွေကို ရယူပြီး အထူးထုတ်လုပ်ထားတဲ့ Ergonomic ဒီဇိုင်း ဖြစ်ပါတယ်။

MagSafe စနစ်ပါဝင်တဲ့အတွက် iPhone မှာ သံလိုက်နဲ့ ကပ်ပြီး အလွယ်တကူ အသုံးပြုနိုင်သလို ဖုန်းကို ကိုင်ထားတဲ့အခါ ငြိမ်နေအောင် ထိန်းပေးနိုင်တဲ့ Grip တစ်ခုအနေနဲ့ရော၊ ဖုန်းကို ဒေါင်လိုက်ဖြစ်ဖြစ် ရေပြင်ညီဖြစ်ဖြစ် ထောင်ထားလို့ရတဲ့ Stand တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Hikawa Phone Grip and Stand is Apple's Latest Limited-Edition iPhone Accessory

ဆီလီကွန်သားနဲ့ ပြုလုပ်ထားပြီး တြိဂံပုံစံ ဒီဇိုင်းရှိကာ အပြင်ဘက်မှာ ကွေးညွတ်တဲ့ အဖုအထစ်တွေနဲ့ အလယ်မှာ အပေါက်တစ်ပေါက် ပါရှိပါတယ်။ ဒီဒီဇိုင်းက လက်ကြွက်သား အားနည်းသူတွေ၊ လက်တစ်ဖက်တည်း (သို့မဟုတ်) လက်မပါဘဲ ဖုန်းသုံးစွဲရသူတွေ အဆင်ပြေစေဖို့ ရည်ရွယ်ပုံဖော်ထားတာပါ။

အရောင်အနေနဲ့ကတော့ စိမ်းဝါရောင် (Chartreuse) နဲ့ Crater လို့ခေါ်တဲ့ မီးခိုးရောင်အောက်ခံမှာ အမည်းစက် အဖြူစက်လေးတွေပါတဲ့ ဒီဇိုင်းဆိုပြီး ရွေးချယ်စရာရှိပါတယ်။ လောလောဆယ်တော့ US က Apple အွန်လိုင်းစတိုးမှာ အချိန်အကန့်အသတ်နဲ့ ရောင်းချပေးနေတာပါ။

🔶ဖန်တီးသူ

ဒီ Grip ကို Los Angeles က Bailey Hikawa ဆိုသူက ဒီဇိုင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ Bailey Hikawa ဟာ အရင်ကလည်း iPhone တွေအတွက် ထူးခြားဆန်းပြားပြီး အရောင်တောက်တောက်နဲ့ ခလုတ်တွေပါတဲ့ Case တွေကို ဖန်တီးဖူးသူ ဖြစ်ပါတယ်။ ဒါကတော့ သူပထမဆုံး ဖန်တီးတဲ့ MagSafe ဆက်စပ်ပစ္စည်း ဖြစ်ပါတယ်။

Ref : cnet

The post iPhone stand တစ်ခုတည်းကို မြန်မာငွေ ၃ သိန်းနီးပါးနဲ့ Apple ရောင်းချ appeared first on MyTech Myanmar.

Comments