iPhone မှာ ဖုန်းကိုင်တဲ့ပုံစံ ဘာကြောင့် နှစ်မျိုးကွဲနေရတာလဲ?

iPhone အသုံးပြုသူတော်တော်များများဟာ ဖုန်းဝင်လာတဲ့အခါ မျက်နှာပြင်ပေါ်မှာ ပေါ်လာတဲ့ပုံစံက တစ်ခါနဲ့တစ်ခါ မတူညီကြတာကို သတိထားမိပြီး အံ့ဩနေကြပါတယ်။ တစ်ခါတလေမှာ အနီရောင်နဲ့ အစိမ်းရောင် ခလုတ်နှစ်ခု ပေါ်ပေမယ့်၊ တစ်ခါတလေမှာတော့ ဘေးကိုဆွဲပြီး ကိုင်ရတဲ့ Slider ပုံစံပဲ ပေါ်နေတတ်လို့ပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းမှန်ကို သိလိုက်ရတဲ့အချိန်မှာတော့ အသုံးပြုသူတွေဟာ တကယ်ကို အံ့အားသင့်သွားခဲ့ကြပါတယ်။

ဒီလိုပုံစံမတူညီရတာက iPhone ရဲ့ အခြေအနေပေါ်မှာ မူတည်နေတယ်လို့ Apple Explained က ရှင်းပြထားပါတယ်။ ကိုယ်က ဖုန်းသုံးနေတဲ့အချိန် (Lock ဖွင့်ထားချိန်) မှာ ဖုန်းဝင်လာရင်တော့ ဖုန်းကိုင်မလား၊ ချမလား ရွေးချယ်နိုင်မယ့် ခလုတ်နှစ်ခု ပေါ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းက Lock ကျနေတဲ့အချိန်မှာ ဖုန်းဝင်လာရင်တော့ ဘေးကိုဆွဲပြီး ကိုင်ရတဲ့ “slide to answer” ပုံစံပဲ ပေါ်လာမှာ ဖြစ်ပါတယ်။

Apple အနေနဲ့ ဒီလိုလုပ်ထားရတာက အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ဖုန်း Lock ကျနေချိန်မှာ Slider ပုံစံ လုပ်ပေးထားတာက ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားတဲ့အခါ မတော်တဆ ဖုန်းကိုင်မိတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးထားတာပဲ ဖြစ်ပါတယ်။ Lock ဖွင့်ထားချိန်မှာတော့ ဖုန်းကို လက်ထဲကိုင်ထားမှန်း သေချာနေတာမို့ ခလုတ်တွေကို အလွယ်တကူ နှိပ်နိုင်အောင် စီစဉ်ပေးထားတာပါ။

What's the REAL Reason Behind iPhone's TWO Different Call Screens

ဒီအကြောင်းကို သိလိုက်ရတဲ့ အသုံးပြုသူတွေကတော့ နှစ်ပေါင်းများစွာ ကိုယ့်ဘာသာ အဖြေရှာမတွေ့ခဲ့မိလို့ “ကိုယ့်ကိုယ်ကိုယ် အတော်လေး တုံးအတယ်လို့ ခံစားရတယ်” လို့တောင် မှတ်ချက်ပေးထားကြပါတယ်။ တချို့ကလည်း Slider ပေါ်နေရင် ဖုန်းချဖို့ ခက်ခဲတယ်လို့ ပြောကြပေမယ့် ပါဝါခလုတ် (Lock button) ကို တစ်ချက်နှိပ်ရင် အသံတိတ်သွားပြီး၊ နှစ်ချက်နှိပ်လိုက်ရင် ဖုန်းချလို့ရတယ်ဆိုတဲ့ နည်းလမ်းကိုလည်း ပြန်လည်မျှဝေထားကြပါတယ်။

Ref : uniledtech

The post iPhone မှာ ဖုန်းကိုင်တဲ့ပုံစံ ဘာကြောင့် နှစ်မျိုးကွဲနေရတာလဲ? appeared first on MyTech Myanmar.

Comments