Realme က 10,001mAh Battery ပါတဲ့ ဖုန်းကို မကြာခင် ကြေညာမည်

Realme ဟာ မေလတုန်းက 10,000 mAh ဘက်ထရီပါဝင်တဲ့ ရှေ့ပြေးနမူနာ (prototype) စမတ်ဖုန်းတစ်လုံးကို ပြသခဲ့ပြီး ဒီနှစ်ထဲမှာ 7,500 mAh ဘက်ထရီပါတဲ့ ဖုန်းတစ်လုံးကို မိတ်ဆက်မယ့်အကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် 10,000 mAh မော်ဒယ်လည်း မကြာခင် ထွက်လာမယ်လို့ ဆိုခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ Realme ဆီကနေ flagship ဖြစ်တဲ့ GT 8 Pro အပါအဝင် 7,000 mAh ဘက်ထရီသုံး စမတ်ဖုန်းတွေကိုပဲ မြင်တွေ့ထားရပါသေးတယ်။ 10,000 mAh ဘက်ထရီပါတဲ့ ဖုန်းကို ဈေးကွက်တင်ရောင်းချမယ့်အကြောင်း Realme ဘက်က တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမယ့် Russia ဘလော့ဂ်တစ်ခုရဲ့ အယ်ဒီတာချုပ်က ဒီဖုန်းရဲ့ ပုံကို မျှဝေခဲ့ပြီး အဓိကအချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

This Realme smartphone with a 10,001 mAh battery is launching soon

နာမည်မသိရသေးတဲ့ အဲဒီ Realme စမတ်ဖုန်းဟာ မော်ဒယ်နံပါတ် RMX5107 ဖြစ်ပြီး မကြာခင်ကမှ မိတ်ဆက်လိုက်တဲ့ Honor Win နဲ့ Win RT တို့ရဲ့ ဘက်ထရီပမာဏထက် 1 mAh ပိုများတဲ့ 10,001 mAh ဘက်ထရီ ပါဝင်ပါတယ်။ အဲဒီဖုန်းမှာ Realme UI 7.0 ကို အသုံးပြုထားပြီး RAM 12GB နဲ့ storage 256GB ပါဝင်ပါတယ်။ ဒါပေမယ့် လက်ရှိ မသိရသေးတဲ့ တခြား memory အမျိုးအစားတွေလည်း ရှိနိုင်ပါသေးတယ်။ သတင်းရင်းမြစ်ရဲ့ အဆိုအရ RMX5107 ဟာ Hi-Res Audio အထောက်အပံ့အတွက် လက်မှတ်ရရှိထားပြီး Russia မှာ ရောင်းချဖို့အတွက်လည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်တွေမှာ ဒီဖုန်းအကြောင်း သတင်းတွေ ပိုပြီး ကြားသိရဖို့ ရှိပါတယ်။

This Realme smartphone with a 10,001 mAh battery is launching soon - GSMArena.com news

Ref : gsmarena

The post Realme က 10,001mAh Battery ပါတဲ့ ဖုန်းကို မကြာခင် ကြေညာမည် appeared first on MyTech Myanmar.

Comments