Social Media တွေမှာ စိတ်ကျန်းမာရေး သတိပေးချက် ပြသရမယ့် ဥပဒေ အတည်ပြု

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Kathy Hochul က လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်တဲ့အနေနဲ့ Social Media ပလက်ဖောင်းတွေမှာ သတိပေးချက် (Warning Labels) တွေ မဖြစ်မနေ ပြသရမယ့် ဥပဒေမူကြမ်းကို ဒီဇင်ဘာလ ၂၆ ရက် သောကြာနေ့မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

U.S. Surgeon General asks Congress to require warning labels on social media

အဲဒီ ဥပဒေအရ TikTok ၊ Instagram နဲ့ Facebook လို ပလက်ဖောင်းတွေအနေနဲ့ သုံးစွဲသူတွေကို စွဲလမ်းစေနိုင်တဲ့ အယ်လ်ဂိုရီသမ် အသုံးပြုထားတဲ့ ဖိဒ် (Algorithmic Feeds) တွေမှာ ကျန်းမာရေး သတိပေးချက်တွေ ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေဟာ အက်ပလီကေးရှင်းကို စတင်ဖွင့်လှစ်ချိန်နဲ့ အသုံးပြုနေစဉ် အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်းမှာ အဲဒီ သတိပေးချက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

We need warning labels on social media to protect children but that's not enough • Iowa Capital Dispatch

အုပ်ချုပ်ရေးမှူး Hochul က ဒီအစီအစဉ်ဟာ ဆေးလိပ်ဘူးတွေမှာ ပါဝင်တဲ့ ကျန်းမာရေး သတိပေးချက်တွေနဲ့ သဘောသဘာဝချင်း ဆင်တူပြီး လူငယ်တွေအနေနဲ့ Social Media သုံးစွဲမှုကနေ ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ကျန်းမာရေး ထိခိုက်မှုတွေကို သတိပြုမိလာစေဖို့ ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နယူးယောက်ပြည်နယ်ဟာ ကယ်လီဖိုးနီးယားနဲ့ မင်နီဆိုတာ ပြည်နယ်တွေပြီးရင် အခုလို ဥပဒေမျိုး ပြဌာန်းတဲ့ တတိယမြောက် ပြည်နယ် ဖြစ်လာပါတယ်။

ဒီစည်းကမ်းချက်တွေကို လိုက်နာဖို့ ပျက်ကွက်တဲ့ Social Media ကုမ္ပဏီတွေအနေနဲ့ ချိုးဖောက်မှု တစ်ကြိမ်ကို ဒေါ်လာ ၅,၀၀၀ အထိ ဒဏ်ငွေ ပေးဆောင်ရနိုင်တယ်လို့ သိရပါတယ်။

Ref : pcmag

The post Social Media တွေမှာ စိတ်ကျန်းမာရေး သတိပေးချက် ပြသရမယ့် ဥပဒေ အတည်ပြု appeared first on MyTech Myanmar.

Comments