Starlink အင်တာနက် သုံးစွဲသူ တစ်ရက်ကို ၂ သောင်းကျော် တိုးလာပြီး စုစုပေါင်း ၉ သန်းကျော်သွားပြီ

Elon Musk ရဲ့ SpaceX ကုမ္ပဏီက ထုတ်လွှင့်တဲ့ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုဟာ အခုဆိုရင် ကမ္ဘာတစ်ဝန်း သုံးစွဲသူဦးရေ ၉ သန်း (9 Million) အထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ အထူးခြားဆုံးကတော့ ဒီဝန်ဆောင်မှုကို အသုံးပြုသူ အရေအတွက်ဟာ တစ်ရက်ကို ပျမ်းမျှ ၂ သောင်းကျော် (အတိအကျဆိုရင် ၂၁,၀၀၀ ဝန်းကျင်) နှုန်းနဲ့ တဟုန်ထိုး တိုးပွားလာနေတာ ဖြစ်ပါတယ်။

Elon Musk says SpaceX's Starlink satellite internet service is active in Ukraine with more terminals on the way | Space

ဒီတိုးတက်မှုနှုန်းဟာ တော်တော်လေး မြန်ဆန်တယ်လို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းတုန်းကမှ သုံးစွဲသူ ၈ သန်း ပြည့်မြောက်ကြောင်း ကြေညာခဲ့တာပါ။ ဒါကြောင့် ၈ သန်းကနေ ၉ သန်းအထိ ရောက်ရှိဖို့ သီတင်းပတ် ၇ ပတ်အောက် ကာလတိုလေးပဲ ကြာမြင့်ခဲ့ပြီး ဒီကာလအတွင်းမှာ လူ ၁ သန်းလောက် Starlink ကို အသစ် စတင်အသုံးပြုလာကြတာ ဖြစ်ပါတယ်။

Elon Musk's Starlink Eyes Philippine Rollout in Early 2023 - Bloomberg

လက်ရှိအချိန်မှာ Starlink အင်တာနက်ကို နိုင်ငံနဲ့ ဒေသပေါင်း ၁၅၅ ခုမှာ ရယူအသုံးပြုနိုင်ပြီလို့ ကုမ္ပဏီက ဆိုပါတယ်။ မြေပြင်အခြေစိုက် ဖိုင်ဘာအင်တာနက်လိုင်းတွေ သွယ်တန်းဖို့ ခက်ခဲတဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေ၊ ပင်လယ်ပြင်သွား သင်္ဘောတွေနဲ့ လေယာဉ်တွေပေါ်မှာပါ အင်တာနက် အသုံးပြုနိုင်အောင် ဖန်တီးပေးထားတာကြောင့် အခုလို လူကြိုက်များပြီး သုံးစွဲသူ အရေအတွက် တိုးတက်လာတာလည်း ဖြစ်ပါတယ်။

SpaceX အနေနဲ့လည်း ဒီလို တိုးပွားလာတဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဂြိုဟ်တုအသစ်တွေကို ဆက်တိုက် လွှတ်တင်နေပါတယ်။ အင်တာနက် အမြန်နှုန်းနဲ့ ဝန်ဆောင်မှု အရည်အသွေး ပိုကောင်းလာအောင် လုပ်ဆောင်နေသလို ကမ္ဘာ့နေရာအနှံ့အပြားကို လွှမ်းခြုံနိုင်ဖို့ ရည်မှန်းထားတာကြောင့် ရှေ့ဆက်ပြီးတော့လည်း သုံးစွဲသူ အရေအတွက်က ဒီထက်မက ပိုပြီး များပြားလာဖွယ် ရှိနေပါတယ်။

Ref : Businessinsider

The post Starlink အင်တာနက် သုံးစွဲသူ တစ်ရက်ကို ၂ သောင်းကျော် တိုးလာပြီး စုစုပေါင်း ၉ သန်းကျော်သွားပြီ appeared first on MyTech Myanmar.

Comments