AI ကြောင့် အနာဂတ်မှာ လူတွေ အလုပ်လုပ်စရာ မလိုတော့ဘူးလို့ Elon Musk ပြော

အမေရိကန်-ဆော်ဒီ ရင်းနှီးမြှပ်နှံမှု ဖိုရမ် မှာ Tesla CEO ဖြစ်သူ Elon Musk က နောက်လာမယ့် ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်းမှာ လူသားတွေအတွက် အလုပ်လုပ်ကိုင်တာက မလုပ်မဖြစ်တာမျိုး မဟုတ်ဘဲ ရွေးချယ်စရာ (optional) တစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ AI နဲ့ စက်ရုပ်နည်းပညာ တိုးတက်လာမှုတွေကြောင့် ရိုးရာအလုပ်အကိုင်တွေ လိုအပ်ချက် နည်းသွားနိုင်ပြီး အလုပ်လုပ်တာဟာ အားကစားလုပ်တာ၊ ဂိမ်းကစားတာတွေလိုမျိုး ဝါသနာအရ လုပ်ကိုင်စရာတစ်ခု ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

Elon Musk bets Tesla's future on humanoid robots

AI နဲ့ စက်ရုပ်တွေ လွှမ်းမိုးလာမယ့် အနာဂတ်မှာ ငွေကြေးဆိုတာ အရေးပါတော့မှာ မဟုတ်ဘူးလို့လည်း Musk က သုံးသပ်ထားပါတယ်။ AI နည်းပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ရိုးရာငွေကြေးစနစ်တွေ ပျောက်ကွယ်သွားနိုင်ပြီး စွမ်းအင်နဲ့ ကုန်ကြမ်းပစ္စည်းတွေလို ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေသာ အကန့်အသတ်အဖြစ် ရှိနေနိုင်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

Elon Musk says 'thousands' of humanoid robots could be working at Tesla in 2025

လူပုံစံစက်ရုပ် (Humanoid Robots) တွေဟာ စမတ်ဖုန်းတွေထက်တောင် ပိုပြီး ကြီးမားတဲ့ စက်မှုလုပ်ငန်းတစ်ခု ဖြစ်လာနိုင်သလို ကမ္ဘာ့ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာမှာ အဓိကကျလာမယ်လို့ Musk က ယုံကြည်ထားပါတယ်။ Tesla ရဲ့ Optimus စက်ရုပ်လိုမျိုး လူပုံစံစက်ရုပ်တွေက ဆင်းရဲမွဲတေမှုကို အမှန်တကယ် ပပျောက်စေမှာဖြစ်ပြီး အခြားကုမ္ပဏီတွေကလည်း ဒီလိုစက်ရုပ်တွေကို ထုတ်လုပ်လာကြမယ်လို့ သူက ပြောပါတယ်။

Musk က လူတိုင်းကို ချမ်းသာစေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဟာ AI နဲ့ စက်ရုပ်နည်းပညာဖြစ်တယ်လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။ နည်းပညာ ဆန်းသစ်တီထွင်မှုတွေက လူသားတွေကို ရိုးရာအလုပ်ခွင်တွေကနေ လွတ်မြောက်စေပြီး ကမ္ဘာ့စီးပွားရေးပုံစံကို ပြောင်းလဲပစ်နိုင်မယ်လို့ သူက မျှော်မှန်းထားတာ ဖြစ်ပါတယ်။

Ref : Times of India

The post AI ကြောင့် အနာဂတ်မှာ လူတွေ အလုပ်လုပ်စရာ မလိုတော့ဘူးလို့ Elon Musk ပြော appeared first on MyTech Myanmar.

Comments