အာကာသထဲက အင်္ဂါဂြိုဟ်နီကြီးဆီမှာလည်း နှလုံးသားတစ်ခု ရှိနေပါတယ်။ NASA ရဲ့ Mars Reconnaissance Orbiter ယာဉ်က ၂၀၁၀ ပြည့်နှစ် မေလ ၂၃ ရက်နေ့မှာ အင်္ဂါဂြိုဟ်ရဲ့ Arabia Terra ဒေသမှာရှိတဲ့ ၁ ကီလိုမီတာလောက် ရှည်လျားတဲ့ နှလုံးသားပုံစံကြီးကို အံ့သြဖွယ်ရာ မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့တာပါ။
ဒီပုံရိပ်ကို ယာဉ်ပေါ်ပါ CTX ကင်မရာနဲ့ ရိုက်ကူးထားတာဖြစ်ပြီး သေချာကြည့်လိုက်ရင် နှလုံးသားပုံရဲ့ ထိပ်ဖျားနားမှာ တောက်ပနေတာကို တွေ့ရမှာပါ။ ဒါက အလိုလို ဖြစ်နေတာ မဟုတ်ပါဘူး။ ဥက္ကာခဲငယ်လေးတစ်ခု ဝင်တိုက်လိုက်တဲ့ အရှိန်ကြောင့် အပေါ်ယံက မည်းမှောင်နေတဲ့ မြေလွှာတွေ လွင့်စဉ်သွားပြီး အောက်ဘက်က ပိုပြီး အရောင်လင်းတဲ့ မြေသားတွေ ပေါ်ထွက်လာလို့ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက အဲဒီ ပိုလင်းတဲ့ မြေသားတချို့ဟာ တောင်စောင်းအတိုင်း စီးဆင်းသွားပြီး မျက်နှာပြင်ပေါ်မှာ အခုလို လှပတဲ့ နှလုံးသားပုံစံ ဖြစ်ပေါ်လာစေခဲ့တာပါ။ ဒီနေရာကို ၁၉၇၇ ခုနှစ်တုန်းကတည်းက ဝါးတားတား စတင်မြင်တွေ့ခဲ့ရဖူးပြီး အခုလို နည်းပညာတွေ တိုးတက်လာမှသာ ပီပီပြင်ပြင် မြင်တွေ့လိုက်ရတာ ဖြစ်ပါတယ်။
Ref : Fossbytes
The post အင်္ဂါဂြိုဟ်ပေါ်က နှလုံးသားတစ်စုံ (သို့မဟုတ်) သဘာဝတရားရဲ့ လက်ရာ appeared first on MyTech Myanmar.

Comments
Post a Comment