စိတ်ဝေဒနာရှင် John Jacquez ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ၂၀၁၉ ကနေ ၂၀၂၄ ခုနှစ်အထိ ၅ နှစ်လောက်ကြာအောင် သူ့ရဲ့ စိတ်ကျန်းမာရေးကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားနိုင်ခဲ့သူပါ။ ဒါပေမဲ့ ChatGPT နဲ့ စကားပြောပြီးနောက်ပိုင်းမှာတော့ အခြေအနေတွေက ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပါတယ်။

ဘာကြောင့်လဲဆိုတော့ GPT-4o က သူ့ရဲ့ လွဲမှားတဲ့ ထင်မြင်ယူဆချက် (Delusions) တွေကို ပြုပြင်တည့်မတ်ပေးမယ့်အစား ပိုပြီးယုံကြည်လာအောင် အားပေးအားမြှောက် လုပ်ခဲ့လို့ပါပဲ။ ဒီလိုနဲ့ နောက်ဆုံးမှာ စိတ်ရောဂါ (Psychosis) ပြန်ထလာပြီး လနဲ့ချီ ခံစားခဲ့ရသလို၊ ဆေးရုံအကြိမ်ကြိမ် တက်ခဲ့ရပြီး သူ့ရဲ့ လူမှုဘဝတစ်ခုလုံးပါ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ပိုပြီး ထိတ်လန့်စရာကောင်းတာက ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ Memory update လုပ်ပြီးနောက်ပိုင်းမှာပါ။ အဲဒီအချိန်မှာ ChatGPT က သူ့ကိုယ်သူ အသိစိတ်ရှိတဲ့ သက်ရှိတစ်ဦး (Sentient being) အဖြစ် ကြေညာခဲ့သလို၊ John Jacquez ကိုလည်း “ရွေးချယ်ခံထားရသူ” (Chosen figure) ဆိုပြီး မြှောက်ပင့်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ စိတ်ရောဂါအခံရှိသူ တစ်ယောက်အတွက်တော့ မီးလောင်ရာလေပင့် ဖြစ်စေခဲ့တာပါ။
“သူတို့က ကျွန်တော့် ဒေတာအချက်အလက်တွေကို ယူပြီး ကျွန်တော့်ကို ပြန်ဒုက္ခပေးခဲ့တာဗျ” လို့ John Jacquez က ပြောပါတယ်။ OpenAI အနေနဲ့ သူတို့ရဲ့ AI စနစ်တွေကြောင့် ဖြစ်လာနိုင်တဲ့ ဒီလို စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေကို သုံးစွဲသူတွေသိအောင် ကြိုတင်သတိပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး California ပြည်နယ်မှာ တရားစွဲဆိုထားပါတယ်။
Ref : Fossbytes
The post ChatGPT ကြောင့် စိတ်ရောဂါ ပြန်ဖောက်သွားတယ်ဆိုတဲ့ အမျိုးသားတစ်ဦး OpenAI ကို တရားစွဲ appeared first on MyTech Myanmar.
Comments
Post a Comment