ဖုန်းနှင့် အခြားစက်ပစ္စည်းများရဲ့ လုံခြုံရေးဆိုင်ရာ ကြောက်မက်ဖွယ် အမှန်တရားများကို CIA သူလျှိုဟောင်း ဖွင့်ဟ
Steven Bartlett စီစဉ်တင်ဆက်တဲ့ The Diary of a CEO podcast အစီအစဉ်မှာ CIA သူလျှိုဟောင်း John Kiriakou က ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ဖုန်းတွေနဲ့ နည်းပညာပစ္စည်းတွေရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ အမှန်တရားတွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ Kiriakou ဟာ CIA ရဲ့ နှိပ်စက်ညှဉ်းပန်းတဲ့ စစ်ဆေးမေးမြန်းရေး အစီအစဉ်တွေကို ဖော်ထုတ်ခဲ့တာကြောင့် ထောင်ဒဏ်ကျခံခဲ့ရဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီဂျစ်တယ်လုံခြုံရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ စက်ပစ္စည်းတွေဟာ လုံးဝ လုံခြုံမှုမရှိဘူးလို့ သူက အတိအလင်း ပြောပါတယ်။ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေဖြစ်တဲ့ NSA၊ CIA နဲ့ FBI တင်မကဘဲ ဗြိတိန်၊ ရုရှား၊ တရုတ်၊ အစ္စရေးနဲ့ အီရန် အစရှိတဲ့ နိုင်ငံတွေမှာလည်း ဖုန်းတွေနဲ့ စက်ပစ္စည်းတွေကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ စွမ်းရည်တွေ ရှိနေကြတဲ့အတွက် အထူးသတိထားသင့်တယ်လို့ သတိပေးခဲ့ပါတယ်။

WikiLeaks ကနေ ပေါက်ကြားလာတဲ့ “Vault 7” စာရွက်စာတမ်းတွေအရ CIA ဟာ စမတ်တီဗီ (Smart TV) တွေကို ပိတ်ထားရင်တောင်မှ စပီကာကနေ မိုက်ခရိုဖုန်းအဖြစ် အဝေးကနေ လှမ်းပြောင်းပြီး အခန်းထဲမှာ ပြောသမျှကို နားထောင်နိုင်စွမ်း ရှိပါတယ်။ ဒီနည်းပညာဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက သူတို့ လုပ်ဆောင်နိုင်ခဲ့တဲ့ နည်းပညာအဟောင်းသာ ရှိသေးတယ်လို့ Kiriakou က ဆိုပါတယ်။
ဒါ့အပြင် ပိုပြီး ထိတ်လန့်စရာကောင်းတာကတော့ ကားတွေရဲ့ ကွန်ပျူတာစနစ်ကို အဝေးကနေ လှမ်းပြီး ထိန်းချုပ်နိုင်တာပါပဲ။ ပစ်မှတ်ထားသူကို သတ်ဖြတ်ချင်တဲ့အခါ ကားကို တံတားပေါ်ကနေ ပြုတ်ကျအောင် ဒါမှမဟုတ် သစ်ပင်ကို ဝင်တိုက်မိအောင် ကားမောင်းသူ မသိဘဲ ထိန်းချုပ်မောင်းနှင်ပြီး လုပ်ကြံနိုင်တယ်လို့ CIA သူလျှိုဟောင်းက ရှင်းပြခဲ့ပါတယ်။
Ref : uniladtech
The post ဖုန်းနှင့် အခြားစက်ပစ္စည်းများရဲ့ လုံခြုံရေးဆိုင်ရာ ကြောက်မက်ဖွယ် အမှန်တရားများကို CIA သူလျှိုဟောင်း ဖွင့်ဟ appeared first on MyTech Myanmar.
Comments
Post a Comment