တရုတ်နိုင်ငံလမ်းမတွေထက်မှာ တွေ့မြင်လာရမယ့် RoboCop စက်ရုပ်ရဲများ

သိပ္ပံဇာတ်လမ်းတွေထဲကလို စက်ရုပ်ရဲတွေ လမ်းပေါ်ထွက်လာမယ့်အဖြစ်အပျက်က တကယ်လက်တွေ့ဖြစ်လာပါပြီ။ တရုတ်နိုင်ငံက မြို့ကြီးအတော်များများမှာ ယာဉ်ကြောရှင်းလင်းဖို့နဲ့ စည်းကမ်းထိန်းသိမ်းဖို့အတွက် AI နည်းပညာသုံး လူရုပ်သွင်စက်ရုပ်တွေကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ “RoboCop” လို့ နာမည်ပြောင်ပေးထားတဲ့ ဒီ Intelligent Police Unit R001 စက်ရုပ်တွေကို AiMOGA Robotics က တီထွင်ထားတာဖြစ်ပြီး လူသားရဲအရာရှိတွေနဲ့အတူ တာဝန်ထမ်းဆောင်နေကြတာပါ။

Bangkok Post - China trials AI police robots for traffic control

သေနတ်ကိုင်ဆောင်ထားခြင်း မရှိပေမယ့် ဒီစက်ရုပ်တွေမှာ စွမ်းဆောင်ရည်မြင့် ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေ ပါဝင်တာကြောင့် စည်းကမ်းချိုးဖောက်သူတွေကို ချက်ချင်းသိရှိနိုင်ပါတယ်။ မီးပွိုင့်ဖြတ်မောင်းတာ၊ သတ်မှတ်လမ်းကြောင်းအပြင်ဘက် စက်ဘီးစီးတာနဲ့ မရပ်ရနေရာတွေမှာ ကားရပ်တာမျိုးတွေကို ချက်ချင်းသတိပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် လမ်းလယ်ခေါင်မှာ ယာဉ်ကြောရှင်းလင်းဖို့ လက်အမူအရာပြ signal တွေကိုလည်း ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ပါတယ်။

China Deploys AI-Powered Robot Police to Regulate Traffic in Zhejiang Province - Breaking News, Latest News and Videos

Wuhu ၊ Chengdu နဲ့ Hangzhou လို မြို့ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒီစက်ရုပ်တွေရဲ့ အဓိကအားသာချက်ကတော့ မမောမပန်းနိုင်တဲ့ ခံနိုင်ရည်စွမ်းအားပါပဲ။ ပူပြင်းတဲ့နေရောင်အောက်ဖြစ်ဖြစ်၊ မိုးသည်းထန်နေချိန်ဖြစ်ဖြစ် နေရာမရွေး လျင်မြန်စွာသွားလာနိုင်ပြီး ဘယ်တော့မှ ညည်းညူခြင်းမရှိဘဲ အလုပ်လုပ်နိုင်ကြပါတယ်။ လက်ရှိမှာတော့ လူသားအရာရှိတွေအပြင် စက်ရုပ်ကင်းလှည့်ခွေးတွေနဲ့ပါ တွဲဖက်ပြီး လုံခြုံရေးတာဝန်ယူနေကြပြီ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ဒီစက်ရုပ်တွေဟာ ယာဉ်ထိန်းတာဝန်တင်မကဘဲ ကခုန်တာ၊ ဗုံတီးတာ၊ စာလုံးအလှရေးတာနဲ့ သူနာပြုအကူအလုပ်တွေကိုပါ လုပ်ဆောင်နိုင်ကြောင်း စမ်းသပ်တွေ့ရှိထားပါတယ်။ Xinhua သတင်းဌာနရဲ့ အဆိုအရ တရုတ်နိုင်ငံဟာ ဒီလိုဉာဏ်ရည်မြင့်စက်ရုပ်ကဏ္ဍကို အရှိန်မြှင့်တင်နေပြီး ၂၀၃၀ ခုနှစ်အရောက်မှာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၇ ဘီလီယံအထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref : Bangkokpost

The post တရုတ်နိုင်ငံလမ်းမတွေထက်မှာ တွေ့မြင်လာရမယ့် RoboCop စက်ရုပ်ရဲများ appeared first on MyTech Myanmar.

Comments