Samsung Galaxy S25 Plus ပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း ကုမ္ပဏီ ဝန်ခံ

Galaxy S25 Plus ဖုန်းတစ်လုံး ပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိမိတို့ဘက်က တာဝန်ရှိကြောင်း Samsung ကုမ္ပဏီက ဝန်ခံလိုက်ပါတယ်။ စက်တင်ဘာလက ဝယ်ယူခဲ့တဲ့ အဲဒီဖုန်းဟာ နိုဝင်ဘာလမှာ Samsung မူရင်း အားသွင်းကြိုးနဲ့ အားသွင်းနေစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ကော်ဇောတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ Reddit အသုံးပြုသူ Scoopofwei က ပြောပြခဲ့ပါတယ်။

Samsung Galaxy S25 Plus Review: Brilliantly unremarkable - PhoneArena

ဒေသခံ မီးသတ်ဌာနကတော့ ဒီမီးလောင်မှုဟာ ဘက်ထရီ အပူလွန်ကဲပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတဲ့ “thermal runaway” ကြောင့် ဖြစ်ပွားခဲ့တာလို့ သတ်မှတ်ခဲ့ပါတယ်။ ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လည်ချောင်းနာတာနဲ့ ရင်ဘတ်အောင့်တာတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ဆေးစစ်ချက်အရ အဆုတ်ထိခိုက်မှု မရှိဘူးလို့ သိရပြီး မျှဝေထားတဲ့ ဓာတ်ပုံတွေမှာတော့ ဖုန်းတလုံးလုံး မီးကျွမ်းနေတာကို တွေ့ရပါတယ်။

Samsung Galaxy S25 & S25+ | Galaxy AI | Samsung Caribbean

ဒီဖြစ်ရပ်အတွက် Samsung က တာဝန်ယူထားပြီး ဖုန်းဖိုး၊ ဆေးကုသစရိတ်နဲ့ ပျက်စီးသွားတဲ့ ပစ္စည်းတွေအတွက် ပြန်လည်ပြင်ဆင်စရိတ်တွေကို ပေးလျော်ဖို့ သဘောတူထားပါတယ်။

Galaxy S25 စီးရီးမှာ အပူချိန်ထိန်းညှိဖို့ ယခင်မျိုးဆက်ထက် ၄၀ ရာခိုင်နှုန်း ပိုကြီးတဲ့ အအေးပေးစနစ် ပါဝင်ပေမယ့် အသုံးပြုသူအများအပြားကတော့ ဖုန်းအပူလွန်ကဲတဲ့ ပြဿနာကို ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ သာမန်အသုံးပြုချိန်မှာတောင် ဖုန်းက သိသိသာသာ ပူလာတတ်တယ်လို့ သုံးစွဲသူတွေဆီက တိုင်ကြားမှုတွေ ရှိနေပါတယ်။

Ref : phonearena

The post Samsung Galaxy S25 Plus ပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း ကုမ္ပဏီ ဝန်ခံ appeared first on MyTech Myanmar.

Comments