ChatGPT မှာ အသက် ၁၈ နှစ်အထက် သုံးနိုင်မယ့် ‘Naughty chats’ လုပ်ဆောင်ချက်အသစ် ထွက်လာဖို့ရှိ

AI နည်းပညာတွေ အပြိုင်အဆိုင် တိုးတက်လာတာနဲ့အမျှ လူတွေဟာ AI တွေနဲ့ ချစ်ကြိုက်တာ၊ လက်ထပ်တာတွေအထိ ဖြစ်လာပြီး စိတ်ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ရှိလာပါတယ်။ အခုအခါမှာတော့ ChatGPT ကနေ လူကြီးတွေအတွက် သီးသန့်ရည်ရွယ်ထားတဲ့ ‘naughty chats’ ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို မကြာခင် မိတ်ဆက်ပေးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Naughty chats' feature in ChatGPT leaked ahead of rumored 18+ launch

Android Authority ရဲ့ ဖော်ပြချက်အရ မကြာသေးခင်က ထွက်လာတဲ့ ChatGPT ဗားရှင်းအသစ်မှာ အဲဒီ ‘naughty chats’ လုပ်ဆောင်ချက်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အသက် ၁၈ နှစ်အထက် အသုံးပြုသူတွေအတွက်သာ ရည်ရွယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်အောင် ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလတုန်းက OpenAI အမှုဆောင်အရာရှိချုပ် Sam Altman ပြောခဲ့တဲ့ လူကြီးတွေအတွက် erotica ခွင့်ပြုပေးမယ့် အစီအစဉ်နဲ့လည်း ကိုက်ညီနေပါတယ်။

ChatGPT bug leaked users' conversation histories

အဲဒီ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် အသက်အရွယ် ခန့်မှန်းပေးတဲ့ စနစ်သစ်တစ်ခုကိုလည်း ထည့်သွင်းလာနိုင်ပါတယ်။ စနစ်ကနေ အသက်ကို အတိအကျ မသိရရင် အလိုအလျောက် အသက် ၁၈ နှစ်အောက်အဖြစ် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက် အုပ်စုထဲ ဝင်ချင်တယ်ဆိုရင်တော့ ပြင်ပ အထောက်အထား စစ်ဆေးတဲ့ ဝန်ဆောင်မှုကနေတစ်ဆင့် ဆဲလ်ဖီဓာတ်ပုံ ပေးပို့ပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Reddit လူမှုကွန်ရက်မှာတော့ အသုံးပြုသူတွေကြား သဘောထား ကွဲလွဲနေကြပါတယ်။ တချို့က ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုအတွက် စိုးရိမ်ကြပြီး အလုပ်လုပ်တဲ့ နေရာမှာ သုံးတဲ့ AI ကို ဒီလိုကိစ္စတွေအတွက် မသုံးချင်ဘူးလို့ ဝေဖန်နေကြပါတယ်။ ဒါပေမဲ့ တချို့ကလည်း ဒါဟာ လူသားတွေရဲ့ သဘာဝဖြစ်လို့ ရှက်စရာ မလိုဘူးလို့ မြင်ကြပြီး မကြိုက်ရင် မသုံးဘဲ နေလို့ရတယ်ဆိုပြီး ကာကွယ်ပြောဆိုနေကြပါတယ်။

Ref : uniladtech

The post ChatGPT မှာ အသက် ၁၈ နှစ်အထက် သုံးနိုင်မယ့် ‘Naughty chats’ လုပ်ဆောင်ချက်အသစ် ထွက်လာဖို့ရှိ appeared first on MyTech Myanmar.

Comments