“လွတ်လပ်စွာပြောဆိုခွင့်” လို့ကြွေးကြော်ထားတဲ့ Elon Musk ပုံတူဆွဲတဲ့ ပန်းချီဆရာ X မှာ အကောင့်ပိတ်ခံရ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကြီး Elon Musk ဟာ သူ့ကို ပုံတူဆွဲပေးတဲ့ အနုပညာရှင်တစ်ယောက်ကို X ပလက်ဖောင်းမှာ Block လိုက်ပါတယ်။ @djcows လို့ အမည်ရတဲ့ အနုပညာရှင်ဟာ Musk ရဲ့ မျက်နှာကို အနည်းငယ် ဖောင်းကြွပြီး ထူးထူးခြားခြား သရုပ်ဖော်ထားတဲ့ ခဲပန်းချီကားတစ်ချပ်ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီပန်းချီကားကို X ပေါ်မှာ တင်လိုက်တဲ့အခါ အချိန်တိုအတွင်းမှာပဲ ကြည့်ရှုသူ ၁၁ သန်းကျော်အထိ ရှိလာပြီး အရမ်းကို နာမည်ကြီးသွားခဲ့ပါတယ်။ ဒါပေမဲ့ ပုံတင်ပြီး သိပ်မကြာခင်မှာပဲ Elon Musk က သူ့အကောင့်ကို Block လုပ်သွားတယ်ဆိုပြီး @djcows က Screenshot ရိုက်ပြီး ပြန်လည်မျှဝေခဲ့ပါတယ်။

What is Elon Musk's fascination with the letter 'X' as Twitter begins to rebrand?

ဒီဖြစ်ရပ်ကြောင့် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ဝေဖန်မှုတွေ ဆူညံသွားပါတယ်။ လူတော်တော်များများက Musk ဟာ လွတ်လပ်စွာ ပြောဆိုခွင့် (Free Speech) ကို အပြည့်အဝ ထောက်ခံသူလို့ ကြွေးကြော်ပြီးမှ ခုလို သာမန် ပန်းချီဆရာတစ်ယောက်ကို Block လုပ်လိုက်တာဟာ သူပြောတဲ့ မူဝါဒနဲ့ လုံးဝကို ဆန့်ကျင်နေတယ်လို့ ဝေဖန်နေကြပါတယ်။ တချို့ကလည်း ပန်းချီကားဟာ Musk နဲ့ တူပေမယ့် ရုပ်ပြောင်ဆန်နေတဲ့အတွက် ဒေါသထွက်သွားတာ ဖြစ်နိုင်တယ်လို့ ရယ်မောနေကြပါတယ်။

Ref : binance

The post “လွတ်လပ်စွာပြောဆိုခွင့်” လို့ကြွေးကြော်ထားတဲ့ Elon Musk ပုံတူဆွဲတဲ့ ပန်းချီဆရာ X မှာ အကောင့်ပိတ်ခံရ appeared first on MyTech Myanmar.

Comments