ရုရှားမီဒီယာတွေကို ကန့်သတ်တဲ့အတွက် Google ကို ရုရှားတရားရုံးက ယူရို ၁ ဒသမ ၂ ကွင်တလီယံ ဒဏ်ရိုက်

YouTube မှာ ရုရှားမီဒီယာချန်နယ်တွေကို ကန့်သတ်လိုက်တဲ့အတွက် ရုရှားတရားရုံးက Google ကို ဒဏ်ကြေးငွေ ယူရို ၁ ဒသမ ၂ ကွင်တလီယံ (ဒေါ်လာ ၁ ဒသမ ၄၁ ကွင်တလီယံ) ပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

Russia orders Google to pay 1.2 quintillion euros

နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေအပြီးမှာ Google က ရုရှား ရုပ်သံချန်နယ်တွေကို ပိတ်ပင်တာ ဒါမှမဟုတ် ဖယ်ရှားတာတွေနဲ့ အဲဒီအမှုက သက်ဆိုင်တယ်လို့ Digi24 က ဖော်ပြထားပါတယ်။

Google က တရားရုံးအမိန့်တွေကို မလိုက်နာတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ နေ့စဉ်ဒဏ်ကြေးတွေက နှစ်ဆတိုးလာပြီး အခုလို ဒဏ်ကြေးငွေ စုပုံလာတာ ဖြစ်ပါတယ်။

Russia fines Google more than entire world's GDP

အဲဒီပမာဏဟာ ရုရှားရဲ့ ဂျီဒီပီနဲ့ Alphabet ရဲ့ ဈေးကွက်တန်ဖိုးထက် ကျော်လွန်နေပြီး တစ်နှစ်ကို ခန့်မှန်းခြေ ဒေါ်လာ ၁၀၀ ထရီလီယံလောက်ရှိတဲ့ ကမ္ဘာ့ဂျီဒီပီထက် အဆပေါင်း တစ်သန်းလောက် ပိုများနေပါတယ်။

အဲဒီဒဏ်ကြေးငွေဟာ ကမ္ဘာတစ်ဝန်း လည်ပတ်နေတဲ့ စုစုပေါင်း ငွေကြေးပမာဏထက် အဆပေါင်း ၁၀,၀၀၀ လောက် ကျော်လွန်နေတဲ့အတွက် အရေးယူဆောင်ရွက်နိုင်မှုအပေါ် သံသယဖြစ်စရာတွေ ထွက်ပေါ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

Ref : Fossbytes

The post ရုရှားမီဒီယာတွေကို ကန့်သတ်တဲ့အတွက် Google ကို ရုရှားတရားရုံးက ယူရို ၁ ဒသမ ၂ ကွင်တလီယံ ဒဏ်ရိုက် appeared first on MyTech Myanmar.

Comments