အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုအင်တာနက်ကို ဗီယက်နမ် တရားဝင် ခွင့်ပြုလိုက်ပြီ

ဗီယက်နမ်အစိုးရဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk) ရဲ့ Starlink ဂြိုဟ်တုအင်တာနက်ကို နိုင်ငံအတွင်း တရားဝင် လုပ်ကိုင်ခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီခွင့်ပြုချက်ကြောင့် အစောပိုင်း ကာလမှာတင် ဂိတ်ဝေးစခန်း ၄ ခုနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ စက်ကိရိယာ ၆ သိန်းအထိ တပ်ဆင်ခွင့် ရရှိမှာပါ။ ဒါပေမယ့် လက်ရှိ သုံးစွဲနေတဲ့ ရေဒီယို ဆက်သွယ်ရေး ကွန်ရက်တွေကိုတော့ လုံးဝ အနှောင့်အယှက် မဖြစ်စေဖို့ တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါတယ်။

လူဦးရေ သန်း ၁၀၀ ဝန်းကျင်ရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ၈၀ ရာခိုင်နှုန်းလောက်က အင်တာနက် သုံးစွဲနေကြပေမယ့် ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသတွေနဲ့ ကျေးလက်တွေမှာတော့ အင်တာနက်ရရှိဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။ အခုဝင်ရောက်လာမယ့် Starlink ရဲ့ ကမ္ဘာပတ်လမ်းနိမ့် ဂြိုဟ်တုတွေကတစ်ဆင့် အဲဒီလိုအပ်ချက်တွေကို အမြန်နှုန်းမြင့် အင်တာနက်နဲ့ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တော့မှာပါ။ Starlink ရဲ့ ဝက်ဘ်ဆိုက်မှာလည်း ဗီယက်နမ်အတွက် ဝန်ဆောင်မှုတွေ မကြာခင် လာတော့မယ်လို့ ကြေညာထားပါတယ်။

Vietnam Considers USD 1.5 Billion SpaceX Proposal for Starlink Expansion - Telecom Review Asia

SpaceX က တီထွင်ထားတဲ့ Starlink ဟာ ကမ္ဘာတစ်ဝန်းမှာ ဂြိုဟ်တုပေါင်း ၆,၇၅၀ ခန့်ကို လည်ပတ်နေပြီး နိုင်ငံနဲ့ နယ်မြေ ၁၂၅ ခုကျော်က သုံးစွဲသူ ၅ သန်းခန့်ကို ဝန်ဆောင်မှု ပေးနေပါတယ်။  ဗီယက်နမ်ဟာ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အရှေ့တီမောတို့ရဲ့ နောက်မှာ အဲဒီဝန်ဆောင်မှုကို ရမယ့် ၅ ခုမြောက် အရှေ့တောင်အာရှ ဈေးကွက် ဖြစ်လာမှာ ဖြစ်ပါတယ်။

Ref : Japantimes

The post အီလွန်မတ်စ်ရဲ့ Starlink ဂြိုဟ်တုအင်တာနက်ကို ဗီယက်နမ် တရားဝင် ခွင့်ပြုလိုက်ပြီ appeared first on MyTech Myanmar.

Comments