စီစီတီဗီကနေတစ်ဆင့် ဒေါ်လာ ၁၇၂ သန်းတန် ဘစ်ကွိုင်တွေ ခိုးယူခဲ့တဲ့ ဇနီးဖြစ်သူကို ဗြိတိန်အမျိုးသား တရားစွဲ
ဗြိတိန်နိုင်ငံသား ပင်းဖိုင်ယွမ် (Ping Fai Yuen) ဆိုသူဟာ သူ့ရဲ့ ကွဲကွာနေတဲ့ ဇနီးဖြစ်သူက စီစီတီဗီကင်မရာကို အသုံးပြုပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၂ သန်းခန့်ရှိတဲ့ ဘစ်ကွိုင် (Bitcoin) ၂,၃၂၃ ခုကျော်ကို ခိုးယူသွားတယ်လို့ စွပ်စွဲထားပါတယ်။

ဇနီးဖြစ်သူဟာ ၂၀၂၃ ခုနှစ်မှာ သူ့ရဲ့ ခရစ်ပတို ပိုက်ဆံအိတ် (crypto hardware wallet) ကို ဝင်ရောက်အသုံးပြုနိုင်မယ့် လျှို့ဝှက်ကုဒ်စာသား (backup seed phrase) ကို တိတ်တဆိတ် မှတ်တမ်းတင်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဘစ်ကွိုင်ရဲ့ ဥပဒေရေးရာ သတ်မှတ်ချက်ကို အကြောင်းပြပြီး ဒီအမှုကို ပလပ်ဖို့ အရင်က ကြိုးစားခဲ့ပေမယ့် အခုအခါမှာတော့ တရားသူကြီးက အမှုကို ဆက်လက်စစ်ဆေးဖို့ ခွင့်ပြုလိုက်ပါတယ်။
ယွမ်ကတော့ အဲဒီဘစ်ကွိုင်တွေကို သာမန်ငွေကြေးအဖြစ် ပြောင်းလဲရာမှာ အခက်အခဲတွေရှိကြောင်း ဆွေးနွေးပြောဆိုနေတဲ့ အသံဖိုင်တွေ အပါအဝင် အခြားအသံအထောက်အထားတွေကိုပါ စုဆောင်းထားတယ်လို့ ဆိုပါတယ်။
ဒီအမှုဟာ ခရစ်ပတို လုံခြုံရေးပိုင်းက အန္တရာယ်တွေကို မီးမောင်းထိုးပြနေပြီး လျှို့ဝှက်ကုဒ် (seed phrase) ကိုသာ သိသွားမယ်ဆိုရင် အလွန်လုံခြုံပါတယ်ဆိုတဲ့ hardware wallet တွေတောင် အလွယ်တကူ ဖောက်ထွင်းခံရနိုင်တယ်ဆိုတာကို ပြသနေပါတယ်။
Ref : Fossbytes
The post စီစီတီဗီကနေတစ်ဆင့် ဒေါ်လာ ၁၇၂ သန်းတန် ဘစ်ကွိုင်တွေ ခိုးယူခဲ့တဲ့ ဇနီးဖြစ်သူကို ဗြိတိန်အမျိုးသား တရားစွဲ appeared first on MyTech Myanmar.
Comments
Post a Comment