Tesla ဟာ US မှာ အကြီးအကျယ် တိုးချဲ့နေတဲ့ စွမ်းအင်သိုလှောင်မှု လုပ်ငန်းကြီးအတွက် လိုအပ်နေတဲ့ ဘက်ထရီဆဲလ်တွေ ရဖို့ LG Energy Solution နဲ့ ဒေါ်လာ ၄.၃ ဘီလီယံတန် စာချုပ်ကြီးတစ်ခုကို ချုပ်ဆိုလိုက်ပါတယ်။ ဒီဘက်ထရီတွေကို Michigan ပြည်နယ် Lansing မြို့မှာရှိတဲ့ စက်ရုံကနေ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး အဓိကအားဖြင့် lithium iron phosphate ဆဲလ်တွေကို ထုတ်လုပ်သွားမှာပါ။

အဲဒီ ဆဲလ်တွေကိုတော့ လျှပ်စစ်ဓာတ်အားတွေ သိုလှောင်ထားပြီး လျှပ်စစ်လိုအပ်ချက် အများဆုံး အချိန်တွေမှာ ပြန်လည်ဖြန့်ဝေပေးမယ့် Tesla ရဲ့ နာမည်ကြီး Megapack စနစ်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဒီလို စာချုပ်ချုပ်ဆိုလိုက်တာဟာ ဘက်ထရီ ထောက်ပံ့ရေးအပိုင်းကို ပြည်တွင်းမှာပဲ လုပ်ဆောင်နိုင်ဖို့နဲ့ အထူးသဖြင့် တရုတ် ဆီကနေ တင်သွင်းနေရတာကို လျှော့ချချင်နေတဲ့ US ရဲ့ ရည်မှန်းချက်တွေအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အခုလိုမျိုး အကြီးစား စွမ်းအင်သိုလှောင်မှုတွေအတွက် လိုအပ်ချက်တွေက တစ်စထက်တစ်စ မြင့်တက်လာတာနဲ့အမျှ Tesla ရဲ့ စွမ်းအင်ကဏ္ဍဟာလည်း အံ့မခန်း ကြီးထွားလာနေပြီး ဝင်ငွေ ဒေါ်လာ ၁၂.၈ ဘီလီယံအထိတောင် ရှာဖွေပေးထားနိုင်ပြီလို့ သိရပါတယ်။
Ref : Fossbytes
The post ဒေါ်လာ ၄.၃ ဘီလီယံ အကုန်ခံပြီး LG ဆီကနေ ဘက်ထရီတွေ ဝယ်ယူမယ့် Tesla appeared first on MyTech Myanmar.
Comments
Post a Comment