အက်တမ်(ATOM) မှ မြန်မာ့ဒစ်ဂျစ်တယ်အနာဂတ်ကို ဆင့်ကဲမြှင့်တင်ပေးမည့် Talent Accelerator Programme 2026 ကို မိတ်ဆက်

• ဘွဲ့ရမောင်မယ်များနှင့် လုပ်ငန်းခွင်ဝင်စ လူငယ်များအတွက် စနစ်တကျသင်ကြား ပြသမှုုနှင့် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများကို အက်တမ်(ATOM)မှ စဉ်ဆက်မပြတ် ပံ့ပိုး ဖော်ဆောင် ပေးလျက်ရှိ။

• အနာဂတ်အတွက် အဆင်သင့်ဖြစ်နေသော ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာစေရန် သင်ယူမှု လမ်းကြောင်းများ၊ ကဏ္ဍစုံလုပ်ငန်းခွင် အတွေ့အကြုံများနှင့် ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ထိတွေ့ခွင့် များကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေး။

• (၁၈) လတာ ကြာမြင့်မည့် ‘Talent Accelerator Programme 2026’ အစီအစဉ်သည် မြန်မာ့လူငယ်ထုအတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်သလို တယ်လီကွန်းနှင့် ဒစ်ဂျစ်တယ်ကဏ္ဍ တိုးတက်လာစေဖို့အတွက်ပါ အဓိက ပံ့ပိုးပေး။

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် ၎င်း၏ အဆင့်မြင့် လူငယ်စွမ်းရည်မြှင့်တင်မှုအစီအစဉ်ကို ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ထားသည့် ‘Talent Accelerator Programme 2026’ ကို မကြာသေးမီက မိတ်ဆက်ခဲ့သည်။ (၁၈) လ ကြာမြင့်မည့် အဆိုပါအစီအစဉ်သည် မြန်မာလူငယ်များအတွက် ဒစ်ဂျစ်တယ်နှင့် တယ်လီကွန်းစီးပွားရေးဆိုင်ရာ အခြေခံများ၊ အိုင်တီ နှင့် ကွန်ရက်ဆိုင်ရာ အသိပညာများ၊ သုံးစွဲသူအတွေ့အကြုံဆိုင်ရာ လုပ်ဆောင်ချက်များအပြင် အချက်အလက် အခြေပြု တွေးခေါ်မှုနှင့် ဆန်းစစ်မှု ဆိုင်ရာ အဓိကစွမ်းရည်များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ဖန်တီးထားခြင်း ဖြစ်သည်။ စနစ်တကျ သင်ကြားလေ့လာမှုများကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပေါင်းစပ်ပေးခြင်းဖြင့် အရေးပါသော ဒစ်ဂျစ်တယ်နှင့် တယ်လီကွန်းဆိုင်ရာ အရည်အချင်းပြည့်ဝသည့် အနာဂတ် ခေါင်းဆောင်ကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးရန် အက်တမ်(ATOM) မှ ရည်မှန်းထားသည်။

‘Talent Accelerator Programme 2026’ ကို လျှောက်လွှာတင်သွင်းမှုကာလ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆) ရက်မှ ဧပြီလ (၅) ရက်အတွင်း အက်တမ်(ATOM) ၏ ဝက်ဘ်ဆိုက်ရှိ အလုပ်အကိုင် အခွင့်အလမ်းများ ကဏ္ဍ၊ social media platform၊ တက္ကသိုလ်များနှင့် ပူးပေါင်းချိတ်ဆက်မှုများအပါအဝင် ပလက်ဖောင်းအသီးသီးမှ လျှောက်ထားသူ အရေအတွက် (၄၀၀) ကျော်အထိ အများအပြား ပါဝင်လျှောက်ထားခဲ့ကြသည်။ အရည်အချင်း စစ်ဆေးခြင်းနှင့် လူတွေ့ မေးမြန်းခြင်းများ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် ထူးချွန်လူငယ် (၂၈) ဦးကို ၂၀၂၆ ခုနှစ်၊ မေလ (၂၅) ရက်နေ့တွင် တရားဝင် စတင်ကြိုဆိုသွားမည် ဖြစ်သည်။ လုပ်ငန်းခွင်အကြို ပြင်ဆင်မှုကာလ ကို အောင်မြင်စွာ ပြီးမြောက်ပြီးနောက် အဆိုပါ သင်တန်းသားများသည် အက်တမ်(ATOM) ၏ လုပ်ငန်းခွင်ဆိုင်ရာဌာနများသို့ ဝင်ရောက်လေ့လာ လုပ်ကိုင်ကြမည် ဖြစ်သည်။


ရွေးချယ်ခံရသည့် လျှောက်ထားသူများသည် လစာ၊ နေထိုင်မှုစရိတ် အပါအဝင် ထောက်ပံ့ကြေးများနှင့် ဝန်ထမ်းခံစားခွင့်များ ပါဝင်သည့် ကောင်းမွန်ပြည့်စုံသော ခံစားခွင့်များ ရရှိမည့်အပြင် အစီအစဉ် တစ်လျှောက်လုံးတွင် စနစ်တကျ လမ်းညွှန်ပံ့ပိုးမှုများကိုပါ ရရှိမည်။ ထို့အပြင် အက်တမ်(ATOM) သည် ရေရှည်အလုပ်အကိုင် တိုးတက်ရေးအတွက်လည်း အလေးထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသည်။ အစီအစဉ်အောင်မြင်ပြီးဆုံးပါက စွမ်းဆောင်ရည်ကောင်းမွန်သည့် သင်တန်းသားများကို ၎င်းတို့၏ လုပ်ဆောင်နိုင်စွမ်း၊ အရည်အချင်းနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် မူတည်၍ အမြဲတမ်းဝန်ထမ်း ခန့်အပ်ရန် ဦးစားပေးသွားမည် ဖြစ်သည်။

“ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို မြေတောင်မြှောက်ပေးဖို့က အက်တမ်(ATOM)ရဲ့ အဓိကရည်မှန်းချက် တစ်ခုအဖြစ် အစဉ်တစိုက် တည်ရှိနေမှာပါ။ Talent Accelerator Programme 2026 အစီအစဉ်က မျိုးဆက်သစ်လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံပေးနေရုံတင်မကဘဲ တီထွင်ဆန်းသစ်မှုနဲ့ ရေရှည်တိုးတက်မှု တွေကို ဦးဆောင်မယ့် အနာဂတ်ခေါင်းဆောင်တွေကို ပျိုးထောင်ပေးနေတာလည်း ဖြစ်ပါတယ်။ စနစ်တကျ လေ့လာသင်ယူမှုတွေကို လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံ၊ လမ်းညွှန်မှုတွေနဲ့ ပေါင်းစပ်ပေးပြီး အခုလို တိုးတက်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ လိုအပ်နေတဲ့ အရည်အချင်းတွေ ရှိလာစေဖို့ လေ့ကျင့် ပေးသွားမှာပါ။ မြန်မာနိုင်ငံရဲ့ တိုးတက်နေတဲ့ တယ်လီကွန်းနဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်ကို တစ်ဖက်တစ်လမ်းက အကျိုးပြုနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။


အက်တမ်(ATOM) ၏ Talent Accelerator Programme ကို ဘွဲ့ရခါစလူငယ်များနှင့် လုပ်ငန်းခွင်ဝင်ခါစ ထူးချွန်သော ပညာရေးနောက်ခံရှိသူ လူငယ်များအတွက် အထူးရည်ရွယ်ဖန်တီးထားခြင်းဖြစ်သည်။ သင်တန်း သားများသည် မတူညီသော လုပ်ငန်းတာဝန်များကို အလှည့်ကျ လုပ်ကိုင်ခွင့်၊ မဟာဗျူဟာမြောက် စီမံကိန်း များနှင့် တင်ပြချက်များတွင် ကိုယ်တိုင်ပါဝင်ခွင့်တို့အပြင် အက်တမ်(ATOM) မှ သက်ဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်ပညာရှင်များနှင့် အမှုဆောင်အရာရှိများထံမှ တိုက်ရိုက်လမ်းညွှန်မှုများကို ရရှိကာ ဘက်စုံအတွေ့ အကြုံကောင်းများကို လေ့လာဆည်းပူးနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အနာဂတ်အတွက် အဆင်သင့်ဖြစ်နေစေဖို့ လိုအပ်တဲ့ စွမ်းရည်တွေကို လူငယ်တွေဆီ ပံ့ပိုးပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ အက်တမ်(ATOM) ရဲ့ people-first culture အစိတ်အပိုင်းတစ်ခုအနေနဲ့ ဒီ ‘Talent Accelerator Programme’ ကတစ်ဆင့် မြန်မာလူငယ်တွေရဲ့ ဘဝကို ပြောင်းလဲတိုးတက်စေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးပြီး ပံ့ပိုးကူညီခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်” ဟု အက်တမ်(ATOM) ၏ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာအရာရှိချုပ် ကိုဇာနည်ထွန်း က ထပ်လောင်းပြောကြားခဲ့သည်။


Talent Accelerator Programme 2026 သည် အက်တမ်(ATOM) ၏ ထူးချွန်ထက်မြက်သည့် လူသားအရင်းအမြစ်များကို မြေတောင်မြှောက်ပေးရန် အစဉ်တစိုက် အလေးထားဆောင်ရွက်နေမှုနှင့် လုပ်ငန်းခွင်ဝင်လိုသူများ အဓိကရွေးချယ်ရသည့် စံပြအဖွဲ့အစည်းအဖြစ် ဆင့်ကဲတိုးတက်လာမှုကို ထင်ဟပ်ဖော်ပြနေခြင်း ဖြစ်သည်။ ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်ခေတ်အတွက် အဆင်သင့်ဖြစ်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည် တိုးတက်ရေးတို့ကို အဓိကအလေးပေးထားသည့် ဤပရိုဂရမ်သည် အနာဂတ်အတွက် အဆင်သင့်ဖြစ်နေသော အဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်နှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် ဖော်ဆောင်ပေးမည့် အက်တမ်(ATOM) ၏ ရေရှည်မျှော်မှန်းချက်တွင် အဓိကအကျဆုံး ပင်မမဏ္ဍိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။

Media release: ATOM

The post အက်တမ်(ATOM) မှ မြန်မာ့ဒစ်ဂျစ်တယ်အနာဂတ်ကို ဆင့်ကဲမြှင့်တင်ပေးမည့် Talent Accelerator Programme 2026 ကို မိတ်ဆက် appeared first on MyTech Myanmar.

Comments