AI တွေ သူတို့ဘာသာ တိုးတက်အောင်လုပ်နိုင်တဲ့ အခြေအနေကို ဘရိတ်အုပ်ဖို့လိုနေပြီလို့ Anthropic ပူးတွဲတည်ထောင်သူ သတိပေး

လူသားတွေရဲ့ အမိန့်ပေးညွှန်ကြားမှုမရှိဘဲ AI စနစ်တွေက သူတို့ဘာသာ စဉ်းစားတွေးခေါ် တိုးတက်လာနိုင်မယ့် အဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းပဲ လိုတော့တာကြောင့် ဒါကို အချိန်မီ ထိန်းချုပ်ဖို့ လိုနေပြီလို့ Anthropic ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ ဂျက်ကလပ်ခ်က သတိပေးလိုက်ပါတယ်။ လောလောဆယ် AI နည်းပညာလောကဟာ အရှိန်မြှင့်နင်းတံပဲပါပြီး ဘရိတ်မပါတဲ့ ပြိုင်ကားတစ်စီးလို ဖြစ်နေလို့ အစိုးရမူဝါဒတွေနဲ့ ထိန်းကျောင်းဖို့ လိုအပ်နေပြီလို့ သူက ဆိုပါတယ်။ လက်ရှိ Anthropic ရဲ့ နာမည်ကြီး Claude Chatbot ဆိုရင်တောင် သူ့ရဲ့ ကုဒ်စနစ် ၈၀ ရာခိုင်နှုန်းကို ကိုယ်တိုင်ပြန်ရေးနေပြီဖြစ်ပြီး နောက် ၂ နှစ်အတွင်း ၁၀၀ ရာခိုင်နှုန်းအထိ အလိုအလျောက် ရေးသားနိုင်တော့မှာဖြစ်လို့ ဒါဟာ တကယ်ကို ရင်တုန်စရာကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။

Bloomberg via Getty Images Close up headshot of Jack Clark, smiling slightly and wearing a shirt, tie and jacket.

ဒီလို အန္တရာယ်တွေကို သတိပေးနေပေမယ့်လည်း Anthropic၊ OpenAI နဲ့ Google တို့လို ထိပ်တန်းကုမ္ပဏီကြီးတွေကတော့ သူတို့ရဲ့ AI သုတေသနတွေကို ရပ်တန့်ဖို့ စိတ်ကူးမရှိကြပါဘူး။ အထူးသဖြင့် ကုမ္ပဏီတွေကို သိပ်ပြီး တင်းတင်းကျပ်ကျပ် မကိုင်တွယ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ AI အမိန့်ညွှန်ကြားချက်ကို Anthropic က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။ တည်ထောင်ပြီး ၅ နှစ်အတွင်းမှာတင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ (ဘီလီယံ ၁,၀၀၀) နီးပါး တန်ကြေးရှိလာတဲ့ Anthropic ဟာ သမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံးအဖြစ် စတော့ဈေးကွက်ထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေပြီး၊ တစ်ဖက်မှာလည်း သူတို့ရဲ့ AI နည်းပညာကို အစုလိုက်အပြုံလိုက် စောင့်ကြည့်ရေးနဲ့ စစ်ပွဲတွေမှာ အသုံးပြုမှာ စိုးရိမ်တာကြောင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပါ ထိပ်တိုက်တွေ့ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

We need to stop AI developing without humans, says Anthropic co-founder -  MyJoyOnline

AI စနစ်တွေကြောင့် လူသားတွေရဲ့ အလုပ်အကိုင်တွေ ပျောက်ဆုံးကုန်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့် ဂျက်ကလပ်ခ်ကတော့ လူငယ်တွေအတွက် အားတက်စရာ အကြံပြုချက်တစ်ခု ပေးထားပါတယ်။ AI တွေဟာ အလုပ်တွေကို အလိုအလျောက် လုပ်ဆောင်နိုင်ပေမယ့် “စစ်မှန်တဲ့ တီထွင်ဖန်တီးနိုင်စွမ်း” ရှိတယ်ဆိုတဲ့ သက်သေပြချက်တော့ အခုထိ မရှိသေးပါဘူး။ ဒါကြောင့် AI အခြေပြု စီးပွားရေးခေတ်သစ်မှာ ရှင်သန်ချင်တယ်ဆိုရင် စာများများဖတ်ဖို့၊ စူးစမ်းလိုစိတ်ကို အရောင်တင်ဖို့နဲ့ အနုပညာနဲ့ လူမှုရေးသိပ္ပံပညာရပ်တွေကို ပိုပြီး လေ့လာထားဖို့ လိုပါတယ်။ အတွေးအခေါ် ကျယ်ပြန့်ပြီး စိတ်ကူးစိတ်သန်း ကောင်းတဲ့သူတွေကတော့ AI ဘယ်လောက်ပဲ တော်တော် ရှေ့ကနေ ဆက်ပြီး ဦးဆောင်နေဦးမှာပဲလို့ သူက သုံးသပ်ထားပါတယ်။

Ref : bbc

The post AI တွေ သူတို့ဘာသာ တိုးတက်အောင်လုပ်နိုင်တဲ့ အခြေအနေကို ဘရိတ်အုပ်ဖို့လိုနေပြီလို့ Anthropic ပူးတွဲတည်ထောင်သူ သတိပေး appeared first on MyTech Myanmar.

Comments