
Nvidia ရဲ့ CEO ကြီး ဂျန်ဆင်ဟွမ် (Jensen Huang) ရဲ့ ရုပ်နဲ့ နည်းပညာလောကကို ကိုင်လှုပ်မယ့်အစား ဂျုံမှုန့်တွေခါပြီး လူမှုကွန်ရက်ကို ကိုင်လှုပ်ပစ်လိုက်တဲ့ တရုတ်ကျေးတောသားတစ်ယောက် နှစ်ပတ်အတွင်းမှာတင် ဖော်လိုဝါး သောင်းနဲ့ချီ ရသွားပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ရွာတစ်ရွာမှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ယန်ယန် (Yang Yang) ရဲ့ ဗီဒီယိုတွေဟာ အွန်လိုင်းမှာ တော်တော်လေး ပွဲဆူသွားခဲ့တာပါ။ သူက အကောင့်နာမည်ကိုတောင် ဂျန်ဆင်ဟွမ်ရဲ့ တရုတ်နာမည်ကို ဒေသ လေယူလေသိမ်းအတိုင်း အသံထွက်ပြီး @huangyinxun လို့ ပေးထားပါသေးတယ်။

ဒီ AI လုပ်ငန်းရှင်ကြီးနဲ့ တူအောင် မျက်မှန်တပ်၊ သားရေဂျာကင်အမည်းကြီးဝတ်ပြီး ဗီဒီယိုအပုဒ် ၂၀ ကျော် တင်ထားတာကို တွေ့ရပါတယ်။ အဓိက ဟာသကတော့ ဂျန်ဆင်ဟွမ်ရဲ့ အမှတ်အသား ဆံပင်ဖြူဖြူကြီး ဖြစ်လာအောင် ခေါင်းပေါ်ကို ဂျုံမှုန့်တွေ ဖြန်းချပြီး ဆံပင်ဂျဲလ်နဲ့ ကပ်ထားတာပဲ ဖြစ်ပါတယ်။
Ref : South China Morning Post
The post ယွမ် ၁,၀၀၀ သုံးပြီး Nvidia CEO နဲ့ တူအောင် စတိုင်ပြောင်းလိုက်တဲ့ တရုတ် အမျိုးသား appeared first on MyTech Myanmar.
Comments
Post a Comment