TikTok ကို Download ပြုလုပ်သူ ၂ ဘီလံယံကျော်သွားပြီ

TikTok ဟာ ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ထဲက ရေပန်းစားလာတဲ့ Social Media App တစ်ခုဖြစ်ပြီး အခုအချိန်မှာ Download ပြုလုပ်သူပေါင်း ၂ ဘီလီယံ (သန်း ၂,၀၀၀) ကျော်သွားပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ အသုံးပြုသူအများဆုံး App တစ်ခုအနေနဲ့တောင် ရပ်တည်နေပြီဖြစ်ပါတယ်။

အခုသတင်းကိုတော့ Sensor Tower ကနေ ထုတ်ပြန်လိုက်တဲ့ Report အရ သိရှိခဲ့ရတာဖြစ်ပြီး ပြီးခဲ့ ၂၀၁၉ မှာ TikTok ကို Download ပြုလုပ်မှု ၁.၅ ဘီလီယံဝန်းကျင်ပဲရှိခဲ့ပေမယ့် ယခု ၂၀၂၀ ပထမ ၃ လပတ်မှာတင် ၂ ဘီလီယံကျော်တဲ့အထိ တိုးတက်သွားတာဖြစ်ပါတယ်။ အဆိုပါ Download ပြုလုပ်မှုပမာဏဟာ iOS နဲ့ Android ၂ ခုပေါင်း ရလဒ်ဖြစ်တယ်လို့လည်း သိရပါတယ်။

အခုလိုမျိုး TikTok ကို အသုံးပြုမှုတွေ အလွန်မြင့်မားလာတာက လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်နဲ့လည်း သက်ဆိုင်နေတယ်လို့ ပြောနိုင်ပါတယ်။ လက်ရှိအချိန်မှာ လူတော်တော်များများက အိမ်မှာပဲနေပြီး အလုပ်လုပ်ကိုင်နေတဲ့အတွက် ဒီလိုမျိုး Short Video App တစ်ခုဖြစ်တဲ့ TikTok က အပျင်းပြေစရာ App တစ်ခုဖြစ်လာတာပါ။

ဘာပဲဖြစ်ဖြစ် ၂၀၂၀ ပထမ ၃ လပတ်မှာတင် Download ပြုလုပ်မှုပေါင်း ၃၁၅ သန်းအထိရှိခဲ့တာကတော့ အောင်မြင်မှုတစ်ခုလို့ပြောနိုင်ပြီးတော့ TikTok ကို ပိုင်ဆိုင်တဲ့ ByteDance ကုမ္ပဏီဟာ အခုအချိန်အထိ iOS ကနေ ဝင်ငွေ ဒေါ်လာ ၄၃၅.၃ သန်းနဲ့ Android ကနေ ဒေါ်လာ ၂၁.၄ သန်းအထိရရှိထားပြီးဖြစ်ပါတယ်။

Sensor Tower ရဲ့ ဖော်ပြချက်မှာတော့ တရုတ်နိုင်ငံက လက်ရှိ TikTok ရရှိတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၇၂.၃ ရာခိုင်နှုန်းဖြစ်တဲ့ ဒေါ်လာ ၃၃၁ သန်းကျော်ကို App အတွင်းမှာ အသုံးပြုထားကြသလို US ကလည်း ဒုတိယအများဆုံးအနေနဲ့ ဒေါ်လာ ၈၆.၅ သန်းခန့် အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref – Gizmo China

The post TikTok ကို Download ပြုလုပ်သူ ၂ ဘီလံယံကျော်သွားပြီ appeared first on MyTech Myanmar.

Comments