Samsung Display က ၃ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်နဲ့ Rollable Device ကို Tease လုပ်

Samsung ဟာ ဒီဇိုင်း ဆန်းသစ်တဲ့ Device ၂ ခုကို Tease လုပ်လိုက်ပါတယ်။ Samsung Display ရဲ့ ဘလော့မှာ ကုမ္ပဏီက လာမယ့် နှစ်တွေအတွင်း ထွက်လာနိုင်တဲ့ Device ၂ ခုရဲ့ ပုံကြမ်းတွေကို ပြသလိုက်တာ ဖြစ်ပါတယ်။ ပထမ ၁ ပုံမှာ ၃ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါလာတာကို မြင်ရပြီး Galaxy Fold ကို ဆန်းသစ်ထားတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ ဒီဒီဇိုင်းကြောင့် Fold လို အပြင်ဘက် မျက်နှာပြင် အပို မလိုတော့ဘဲ ၃ ခေါက်ချိုးလိုက်ရင် အပြင်ဘက်မှာ မျက်နှာပြင်ကို အသုံးပြုနိုင်ပါတယ်။ ပုံကြမ်းရဲ့ အောက်ခြေမှာ Samsung OLED Logo ကို မြင်ရပါတယ်။

Samsung Display teases tri-folding screen and rollable devices

နောက်ထပ် ပုံကြမ်း ၁ ခုမှာ Tube ထဲကနေ ဆွဲထုတ်ကာ သုံးနိုင်မယ့် Rollable မျက်နှာပြင်ကို မြင်ရပါတယ်။ အသုံးမပြုချိန်မှာ Tube ထဲ လိပ်ထည့်ထားနိုင်တဲ့အတွက် အရွယ်အစား အရမ်းသေးငယ်ပါတယ်။ ဒါဟာ တော်တော် မိုက်တဲ့ ဒီဇိုင်း ဖြစ်ပြီး သွားလေရာ လွယ်လွယ်ကူကူ ယူဆောင်နိုင်ပါတယ်။ စားပွဲခုံပေါ်မှာ တင်ပြီး အသုံးပြုရမယ့် ဒီဇိုင်း ဖြစ်ပါတယ်။

Samsung Display teases tri-folding screen and rollable devices

Samsung က အဲဒီ ပုံကြမ်းထဲက Device တွေကို ထုတ်လုပ်ရောင်းချမယ်လို့ အတည်မပြုထားသေးပေမယ့် Samsung Display ဟာ အဲဒီလို မျက်နှာပြင်မျိုးပါတဲ့ Device မျိုးကို ထုတ်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ အလင်းပြထားတာ ဖြစ်ပါတယ်။

အဲဒီ Device ထဲက ၁ လုံးကို မကြာခင် ကြေညာနိုင်ပါတယ်။ ၃ ခေါက်ချိုးနိုင်တဲ့ Device ရဲ့ ဒီဇိုင်းကို LetsGoDigital က ရေးဆွဲထားပြီး Slide-out Keyboard ၁ ခု ပါလာတာ မြင်ရပါတယ်။ အနာဂတ်မှာတော့ ဒီလို ဒီဇိုင်း ဆန်းသစ်တဲ့ Device တွေ အပြိုင်အဆိုင် ထွက်ပေါ်လာမှာ သေချာပါတယ်။

Ref : gsmarena

The post Samsung Display က ၃ ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်နဲ့ Rollable Device ကို Tease လုပ် appeared first on MyTech Myanmar.

Comments