ထရမ့် အစိုးရဟာ အမေရိကန်က TikTok စီးပွားရေး လုပ်ငန်းကို ရောင်းဖို့ ByteDance ကို အချိန်ထပ်တိုးပေးလိုက်တယ်လို့ Reuters က ပြောပါတယ်။ The Committee on Foreign Investment in the United States (CFIUS) က တရုတ် အခြေစိုက် ByteDance ကို အမေရိကန်က TikTok လုပ်ငန်းကို ဒီဇင်ဘာလ ၄ ရက်နေ့ မတိုင်ခင် ရောင်းဖို့ အရင်က အမိန့်ထုတ်ထားခဲ့ပါတယ်။ အခုတော့ CFIUS က အချိန်ထပ်တိုးပေးလိုက်ပြီလို့ သိရပါတယ်။
သမ္မတ ထရမ့်က TikTok နဲ့ မိခင် ကုမ္ပဏီဟာ အမေရိကန် လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်ပြီး အမေရိကန်က လုပ်ငန်းကို ရောင်းဖို့ ဩဂုတ်လက ပြောခဲ့ပါတယ်။ စက်တင်ဘာလမှာ US Commerce Department က အမေရိကန်မှာ TikTok Download လုပ်တာကို ပိတ်ပင်ခဲ့ပြီး အဲဒီနောက်မှာ သမ္မတက TikTok ရဲ့ အမေရိကန် လုပ်ငန်းကို Oracle နဲ့ Walmart တို့ ဝယ်ယူမယ့် အိုင်ဒီယာကို ခွင့်ပြုပေးခဲ့ပါတယ်။
ဒါပေမယ့် အခုထက်ထိ နောက်ဆုံး သဘောတူညီမှု မရသေးပါဘူး။ အဲဒီနောက်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ မတိုင်ခင် TikTok လုပ်ငန်းကို ရောင်းဖို့ အစိုးရက သတ်မှတ်ခဲ့ပေမယ့် အခုတော့ Deadline ကို တိုးတိုးပေးလာခဲ့ပါတယ်။
အခုထက်ထိတော့ TikTok ကို အမေရိကန် ကုမ္ပဏီတွေ ဝယ်ယူလိုက်တယ်ဆိုတဲ့ သတင်းမထွက်လာသေးပါဘူး။ TikTok နဲ့ အမေရိကန်ရဲ့ ဇာတ်လမ်း ဘယ်လို ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါပြီ။
Ref : theverge
The post TikTok ကို ရောင်းဖို့ အမေရိကန် အစိုးရက ByteDance ကို အချိန်ထပ်တိုးပေး appeared first on MyTech Myanmar.
Comments
Post a Comment