Avengers : Endgame ဒါရိုက်တာက မျောက်ပုံ NFT တွေဟာ နှစ်သက်စရာ မကောင်းဘူးလို့ ပြော

Avengers : Endgame ဒါရိုက် Joe Russo ဟာ ဒီနှစ် DICE Summit မှာ Epic Game CCO Donald Mustard နဲ့ တွေ့ဆုံကာ Metaverse နဲ့ NFT တွေအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ သူက “ NFT တွေမှာ အရည်အသွေး ပြည့်ဝတဲ့ အနုပညာလက်ရာတွေ မတွေ့ရသေးတဲ့အတွက် ကျွန်တော် နားလည်ရခက်နေပါတယ်။ ကျွန်တော် JPEG ၁ ခုကို ဝယ်ပြီးနောက် ဈေးကွက်ပျက်သွားခဲ့ရင် ဒေါ်လာ ၅၀,၀၀၀ နဲ့ ဝယ်ထားတဲ့ JPEG ဟာ အလကား ဖြစ်သွားမှာပါ။ ဆေးလိပ် သောက်နေတဲ့ မျောက်ပုံဟာ သူငယ်ချင်းတွေနဲ့ စကားဝိုင်းမှာ ထည့်သွင်းပြောဆိုဖို့ မကောင်းပါဘူး။ “ လို့ ပြောပါတယ်။

Avengers: Endgame - Pathé Thuis

Russo က “ NFT တွေ အောင်မြင်လာဖို့ အိုင်ဒီယာ ကောင်းကောင်း  လိုအပ်နေပါသေးတယ်။ လက်ရှိ NFT တွေကို လေ့လာကြည့်ရတာ ကျွန်‌တော် ထောက်ခံအားပေးဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ “ လို့ ရှင်းပြပါတယ်။

Avengers: Endgame Review – Writing Until Ragnarok

NFT or Non-fungible Token တွေဟာ ဖလှယ်လို့ မရတဲ့ ဒေတာတွေ ဖြစ်ပြီး Blockchain မှာ သိမ်းဆည်းသိုလှောင်ထားပါတယ်။ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို NFT အဖြစ် Cryptocurrency နဲ့ ရောင်းချနေကြပြီး ဒေါ်လာ သန်းနဲ့ချီကာ အလုပ် ဖြစ်နေကြပါတယ်။  ဒါပေမယ့် NFT နယ်ပယ်မှာ ဒေါ်လာ သန်းနဲ့ချီကာ အလိမ်ခံနေရတဲ့ သတင်းတွေလည်း ဖတ်နေရပါတယ်။

Russo က DICE မှာ Mustard နဲ့ ဆွေးနွေးစဉ် ဂိမ်းတွေဟာ ရုပ်ရှင်တွေထက် ကျော်ကာ အနာဂတ်ရဲ့ အားအကောင်းဆုံး မီဒီယာတွေ ဖြစ်လာမယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ဒီနှစ် DICE မှာ Virtual Reality နဲ့ Metaverse လို ခေါင်းစဉ်တွေမှာ ဂိမ်းတွေရဲ့ ဦးဆောင်မှု အကြောင်းဟာ လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။

Ref : ign

The post Avengers : Endgame ဒါရိုက်တာက မျောက်ပုံ NFT တွေဟာ နှစ်သက်စရာ မကောင်းဘူးလို့ ပြော appeared first on MyTech Myanmar.

Comments