Geekbench မှာ ပေါက်ကြားလာတဲ့ Xiaomi Book S 12.4″ Laptop

Xiaomi ဟာ ယခင်ထဲက စမတ်ဖုန်းတွေအပြင် Laptop တွေကိုပါ ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ Xiaomi Book S 12.4″ လို့ နာမည်ပေးထားတဲ့ Compact Laptop တစ်လုံးကို မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Xiaomi Book S 12.4″ ဟာ Asian နိုင်ငံအတွင်းမှာ Internal Testing ပြုလုပ်ပြီးပြီလို့ သိရပြီး အခုလည်း Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာပါ ပေါက်ကြားလာပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Bluetooth SIG Certification Website မှာလည်း တွေ့မြင်ခဲ့ရပါတယ်။

Xiaomi Book S 12.4″ ရဲ့ ထူးခြားချက်ကတော့ Laptop တစ်လုံးဖြစ်ပေမယ့် Intel သို့မဟုတ် AMD Processor တွေအစား Qualcomm ကနေ ထုတ်လုပ်ထားတဲ့ Snapdragon 8cx Gen 2 Chipset ကို အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 8GB ပါဝင်တယ်လို့ သိရပြီး Software အနေနဲ့ Windows 11 Home Edition ကို အသုံးပြုပေးထားပါတယ်။

ဒီလိုမျိုး Qualcomm Snapdragon 8cx Gen 2 ကို အသုံးပြုထားတာကြောင့် Performance ပိုင်းမှာ တခြားသော Intel နဲ့ AMD Processor ကို အသုံးပြုထားတဲ့ Laptop တွေထက် သိသိသာသာလျော့နည်းတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် Xiaomi က အခု Laptop ကို ကျောင်းသားတွေနဲ့ ရုံးအလုပ်လုပ်ကိုင်နေရတဲ့သူတွေကို အဓိကရည်ရွယ်သွားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China

The post Geekbench မှာ ပေါက်ကြားလာတဲ့ Xiaomi Book S 12.4″ Laptop appeared first on MyTech Myanmar.

Comments