Vivo X Fold ရဲ့ ဒီဇိုင်းနဲ့ အဓိက Specs တွေကို သိရပြီ

Vivo ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း Vivo X Fold ကို တရုတ်မှာ ဧပြီလ ၁၁ ရက်နေ့ ကြေညာတော့မှာပါ။ မိတ်ဆက်ပွဲ မတိုင်ခင် Vivo က တရုတ် ဝက်ဘ်ဆိုက်မှာ အဲဒီ ဖုန်းကို စာရင်းတင်ထားပြီး ဓါတ်ပုံနဲ့ အဓိက Specs တွေကို ဖော်ပြထားပါတယ်။

Vivo X Fold

Vivo X Fold ဟာ အတွင်းဘက်ကို ခေါက်ချိုးရတဲ့ ဒီဇိုင်း ဖြစ်ပြီး အရှေ့ဘက်မှာ Punch Hole မျက်နှာပြင် ပါလာကာ ဘေးဘက်တွေက ကွေးညွှတ်ပါတယ်။ အနောက်ဘက်က လေးထောင့် ကင်မရာ Block ထဲမှာ ကင်မရာ ၄ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။

ညာဘက်ခြမ်းမှာ Alert Slide လို့ ထင်ရတဲ့ ခလုတ် ၁ ခု ရှိပြီး ဘယ်ဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ ပါပါတယ်။ ဖုန်းကို ဖြန့်လိုက်ရင် အရွယ်အစား ကြီးမားတဲ့ Foldable မျက်နှာပြင်ကို အသုံးပြုနိုင်မှာပါ။

Vivo X Fold

Vivo က X Fold မှာ 2K+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့တဲ့ AMOLED E5 Foldable မျက်နှာပြင် ထည့်သွင်းထားတယ်လို့ အတည်ပြုထားပါတယ်။ အပြင်နဲ့ အတွင်းဘက် မျက်နှာပြင်တွေအောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Snapdragon 8 Gen 1 Chipset မောင်းနှင်ထားမှာပါ။

Vivo X Fold

ပေါက်ကြားသတင်းအရ Vivo X Fold ရဲ့ အရှေ့ဘက်မှာ ၆.၅၃ လက်မ FHD+ OLED 120Hz မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ကင်မရာတွေက 50MP Main , 48MP Ultrawide, 12MP Telephoto (2x Optical Zoom) နဲ့ 8MP Periscope Telephoto တွေ ဖြစ်ပါတယ်။ 120W or 80W Fast Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 4,600mAh ဘက်ထရီ ထည့်သွင်းထားပြီး 12GB RAM + 256GB Storage နဲ့ 12GB RAM + 512GB Storage တွေ ထုတ်လုပ်ထားမှာပါ။ တရုတ်မှာ Blue, Crimson နဲ့ Orange အရောင်တွေ ရောင်းချမှာပါ။

Ref : gizmochina

The post Vivo X Fold ရဲ့ ဒီဇိုင်းနဲ့ အဓိက Specs တွေကို သိရပြီ appeared first on MyTech Myanmar.

Comments