Google Pixel 7 နဲ့ 7 Pro ရဲ့ အဓိက Specs အချို့ဟာ Pixel 2 Duo နဲ့ တူညီနေမယ်လို့ သတင်းထွက်ပေါ်လာ

လွန်ခဲ့တဲ့ လအတန်ကြာကတည်းက Google Pixel 7 နဲ့ Pixel 7 Pro တို့ရဲ့ CAD-based renders တွေ ထွက်ပေါ်နေခဲ့တာပါ။ Google ဟာ လာမဲ့ ဆောင်းဦးရာသီကိုဦးတည်ပြီး အမြင်အာရုံကိုဖမ်းစားနိုင်တဲ့ အရောင်တွေနဲ့ Pixel သစ်တွေကို ထုတ်ပြခဲ့ပေမဲ့ သူတို့ရဲ့ အဓိက Specification တွေကိုတော့ လျှို့ဝှက်ထားဆဲ ဖြစ်ပါတယ်။

တရားဝင်အသေးစိတ်အချက်အလက်တွေဟာ လာမဲ့အောက်တိုဘာလမှာထွက်ပေါ်လာမှာဖြစ်ပေမဲ့ 9To5Google လို မီဒီယာမျိုးမှာ အမြဲတမ်းနီးပါးယုံကြည်စိတ်ချရတဲ့ ဖော်ပြမှုတွေအရ Pixel 7 နဲ့ 7 Pro တို့ရဲ့ အချက်အလက်အတော်များများကို သိရှိကြရပြီး ဖြစ်ပါတယ်။

အခုအချိန်အထိ သိရှိထားရတဲ့အချက်အလက်တွေအရ Google Pixel 7 နဲ့ Pixel 7 Pro တို့ဟာ သူ့ရှေ့က Pixel 6 တွေနဲ့ ကြီးမားတဲ့ကွာခြားမှု မရှိတွေ့ရသေးပါဘူး။ Pixel 7 နဲ့ 7 Pro တွေဟာ ၂၀၂၁ ခုနှစ်မတိုင်ခင်ကနဲ့ တူညီတဲ့မျက်နှာပြင်တွေကိုပဲ အသုံးပြုလာဖွယ်ရှိတယ်လို့ သတင်းထွက်တာကလည်း အမှန်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

မျက်နှာပြင် Hardware ပိုင်းဆိုင်ရာမှာ ကြီးမားတဲ့ တိုးတက်မှုမရှိဘူးလို့ Phone Arena ကတော့ အခိုင်အမာကို ရေးသားဖော်ပြထားပါတယ်။ Pixel 7 က 2400 x 1080 resolution, 6.4-inch Pixel 6 လိုမျိုးပဲ 90Hz refresh rate နည်းပညာပဲဖြစ်ပြီး Pixel 7 Pro ကလည်း 3120 x 1440 pixel အရေအတွက်နဲ့အတူ 120Hz ပံ့ပိုးလာမယ်လို့ ဆိုပါတယ်။ 7 Pro အနေနဲ့ မူရင်း 1080p mode ကို အသုံးပြုခြင်းအားဖြင့် ဘက်ထရီသက်တမ်းကို အမြင့်ဆုံးမြှင့်တင်နိုင်တယ်လို့ သိရပါတယ်။

Ref: Phone Arena

The post Google Pixel 7 နဲ့ 7 Pro ရဲ့ အဓိက Specs အချို့ဟာ Pixel 2 Duo နဲ့ တူညီနေမယ်လို့ သတင်းထွက်ပေါ်လာ appeared first on MyTech Myanmar.

Comments