NFT ကို တွန်းအားပေးဖို့ Cristiano Ronaldo ကို ပါတနာအနေနဲ့ လက်တွဲလိုက်တဲ့ Binance

လက်ရှိအချိန်မှာ တကမ္ဘာလုံးမှာ လူသုံးအများဆုံးသော Crypto Exchange တစ်ခုဖြစ်တဲ့ Binance ဟာ ထူးခြားတဲ့ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ Cristiano Ronaldo ကို NFT နဲ့ သက်ဆိုင်တဲ့ Promotion တွေအတွက် ပါတနာအဖြစ် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Binance နဲ့ Ronaldo တို့ရဲ့ ပူးပေါင်းမှုဟာ နှစ်ကာလအများအပြားဖြစ်တယ်လို့ သိရပြီးတော့ အချိန်ကာလအတိအကျကိုတော့ တရားဝင်ထုတ်ပြန်သွားခြင်းမရှိပါဘူး။ Binanec ရဲ့ ပြောကြားချက်အရ အခုလိုမျိုး ပူးပေါင်းမှုကနေ Binance မှာ ရောင်းချနေတဲ့ NFT Collection တွေကို အထူးသဖြင့် Promotion ပြုလုပ်သွားမှာဖြစ်ပြီး ပထမဆုံး Binance ကုမ္ပဏီရဲ့ ကိုယ်ပိုင် NFT Collection ကိုလည်း ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

NFT သို့မဟုတ် Non-fungible Token ဟာ Blockchain ပေါ်မှာ မူတည်ပြီး ဝယ်ယူပိုင်ဆိုင်နိုင်တဲ့ Digital နည်းလမ်းအရ ပိုင်ဆိုင်မှုတစ်ခုသာဖြစ်ပြီး အခုနောက်ပိုင်းမှာ အနုပညာရှင်တွေ၊ Fashion Industry အပြင် Industry အများအပြားကပါ NFT ဘက်ကို ဝင်ရောက်လာကြတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ Bitcoin အပါအဝင် Cryptocurrency စျေးနှုန်းတွေကလည်း ထိုးဆင်းလာကြသလို NFT အပေါ် စိတ်ဝင်စားမှုလည်း လျော့နည်းလာတာကြောင့် အခုလိုမျိုး Binance ရဲ့ ဆောင်ရွက်မှုဟာ ဘယ်လောက်ထိ ထိရောက်နိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Reuters

The post NFT ကို တွန်းအားပေးဖို့ Cristiano Ronaldo ကို ပါတနာအနေနဲ့ လက်တွဲလိုက်တဲ့ Binance appeared first on MyTech Myanmar.

Comments