Samsung ရဲ့ Galaxy Flagship တွေက Apple ရဲ့ iPhone တွေကို မကျော်နိုင်တာ ဘာကြောင့်လဲ

Samsung Galaxy S22 Ultra ဟာ အတော်လေးကောင်းမွန်တဲ့ Android flagship ဖုန်းတစ်လုံးလို့ပြောရင် ငြင်းစရာမလိုပါဘူး။ လွန်ခဲ့တဲ့ဧပြီလတုန်းက Android ဖုန်းတွေထဲမှာ Galaxy S22 Ultra က အရောင်းအဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အရောင်းရဆုံး ထိပ်တန်း ၁၀ နေရာမှာ Galaxy S22 Ultra က ပဥ္စမနေရာကိုပဲ ရယူနိုင်ခဲ့တာပါ။

Counterpoint ရဲ့ အစီရင်ခံစာအရ အရောင်းရဆုံး ထိပ်ဆုံးလေးနေရာမှာရှိနေတာက Apple ရဲ့ iPhone တွေချည်းပဲ ဖြစ်နေပါတယ်။ Samsung ဟာ ပရီမီယံဈေးကွက်ကို ဦးဆောင်နေတာပါ။ သူ့ရဲ့ Foldable ဖုန်းတွေကလည်း ကမ္ဘာ့စမတ်ဖုန်းလောကကို လွှမ်းမိုးထားပါတယ်။ ဒါပေမဲ့ iPhone မော်ဒယ်လေးခုကတော့ သူ့ထက်ရောင်းအားကောင်းနေတာ ရှင်းရှင်းလင်းလင်းကို မြင်တွေ့နေရပါတယ်။

ဒါကြောင့် Samsung ဟာ Flagship တွေနဲ့ပတ်သက်လာရင် တီထွင်မှုပိုင်းမှာ အားနည်းတာလား၊ စွန့်စားမှုပိုင်းမှာ လိုအပ်ချက်တွေရှိနေတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတော့တယ်။ တကယ်တမ်းတော့ Android နယ်ပယ်ဟာ ရင်းမြစ်တွေကို အခမဲ့ရယူလေ့လာနိုင်တာကြောင့် လွတ်လပ်ပြီး တီထွင်မှုလည်း ပိုအားကောင်းနိုင်တဲ့ နယ်ပယ်ဖြစ်ပါတယ်။ Foldable ဖုန်းတွေဖွံ့ဖြိုးတိုးတက်လာတာကလည်း ဒီအားသာချက်တွေကြောင့်လို့ဆိုနိုင်ပါတယ်။

Android platform ဟာ တစ်နှစ်ပြီးတစ်နှစ်၊ အသစ်ပြီးအသစ် ပြောင်းလဲနေတာပါ။ ထုတ်လုပ်သူတွေကလည်း ဒီဇိုင်းနဲ့ စားသုံးသူလိုအပ်ချက်ကို နက်နက်နဲနဲ လေ့လာနားလည်ကြပြီးမှ အကောင်အထည်ဖော်ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အားနည်းချက်ကတော့ Android ဟာ တည်ငြိမ်မှုအားနည်းတဲ့ Foundation ပေါ်တည်ဆောက်ထားသလို ဖြစ်နေပါတယ်။ ဒါ့အပြင် ဂေဟစနစ်ကို တည်ဆောက်ရာမှာလည်း iOS တွေကို နမူနာယူဖို့ လိုကောင်းလိုနေနိုင်သေးတာ ဖြစ်ပါတယ်။

တစ်နည်းပြောရရင်တော့ Samsung ဟာ ကုန်ကြမ်းတင်ပို့ရောင်းချမှုမှာ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ကို သိမ်းပိုက်ထားနိုင်ပါတယ်။ ဒါပေမဲ့ ပရီမီယံဖုန်းတွေမှာတော့ Apple က အောင်နိုင်သူဖြစ်နေတာပါ။ ဒါဟာ Apple ရဲ့ Fan base ကြောင့်လို့ပဲ ပြောလို့မရပါဘူး။ တီထွင်ဆန်းသစ်မှု၊ လုံခြုံစိတ်ချရမှု၊ သီးသန့်ဖြစ်မှု စတာတွေကိုလည်း ထည့်သွင်းစဉ်းစားရဦးမှာ ဖြစ်ပါတယ်။

Ref: sammobile

The post Samsung ရဲ့ Galaxy Flagship တွေက Apple ရဲ့ iPhone တွေကို မကျော်နိုင်တာ ဘာကြောင့်လဲ appeared first on MyTech Myanmar.

Comments