Google က Pixel 7 Pro ရဲ့ ဒီဇိုင်းကို ဗီဒီယိုနဲ့ ပြသ

Google က အောက်တိုဘာလ ၆ ရက်နေ့မှာ စမတ်ဖုန်း အသစ်တွေကို ကြေညာမှာ ဖြစ်ပြီး တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီ စမတ်ဖုန်းတွေရဲ့ Teaser တွေကို မျှဝေနေပါတယ်။ အခုနောက်ဆုံး ပြသလိုက်တာက Pixel 7 Pro ရဲ့ ဗီဒီယို ဖြစ်ပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

ဗီဒီယိုမှာ ဖုန်းကို ရှုထောင့်များစွာကနေ ကြည့်လို့ရပြီး အရောင် ၃ မျိုးကို မြင်ရပါတယ်။ အဲဒီ အရောင်တွေက Obsidian (Black/Dark Grey) , Snow (White) နဲ့ Hazel ( Grey) တို့ ဖြစ်ပါတယ်။ ဗီဒီယိုဟာ အတိုလေး ဖြစ်ပေမယ့် လူစိတ်ဝင်စားမှု မြင့်တက်စေခဲ့ပါတယ်။

မကြာခင်ကပဲ Pixel 7 Pro ရဲ့ Specs တွေ ပေါက်ကြားလာခဲ့ပြီး Tensor G2 SoC မောင်းနှင်ထားမှာပါ။ 12GB RAM နဲ့ 128/256GB Storage ပါလာမှာပါ။

Google Pixel 7 and Pixel 7 Pro with next-gen Tensor SoC teased ahead of launch

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 50MP Main , 12MP Ultrawide နဲ့ 48MP Telephoto တို့ ဖြစ်ပါတယ်။ 48MP ဟာ ဆန်ဆာ အသစ် ဖြစ်ပြီး Samsung GM1 ဖြစ်ပါတယ်။  ဆဲလ်ဖီး ကင်မရာ အနေနဲ့ 11MP ထည့်သွင်းထားမှာ ဖြစ်ပြီး Samsung 3J1 ဖြစ်တဲ့အတွက် Autofocus ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။

မျက်နှာပြင်က အရင်နှစ်ကလိုပဲ ၆.၇ လက်မ LTPO OLED QHD+ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပြီး 30W Fast Wired Charging နဲ့ Qi Wireless Charging ပါလာမှာပါ။

Ref : gsmarena

The post Google က Pixel 7 Pro ရဲ့ ဒီဇိုင်းကို ဗီဒီယိုနဲ့ ပြသ appeared first on MyTech Myanmar.

Comments