SD 8+ Gen 1 ပါတဲ့ vivo X Fold+ ကို ကြေညာ

Vivo က Snapdragon 8+ Gen 1 Chipset ပါတဲ့ Vivo X Fold+ ကို ကြေညာလိုက်ပြီး အဲဒီ Chipset ဟာ အရင်မျိုးဆက်ထက် စွမ်းအင် စားသုံးမှု ၃၀ ရာခိုင်နှုန်း သက်သာကာ စွမ်းဆောင်ရည် ၁၀ ရာခိုင်နှုန်း ပိုကောင်းပါတယ်။

The vivo X Fold+ upgrades to the Snapdragon 8+ Gen 1

ဘက်ထရီက အရင်မျိုးဆက်ထက် ပိုကြီးလာပြီး 4,600mAh ကနေ 4,730mAh အထိ ဖြစ်လာပါတယ်။ စွမ်းအင်စားသုံးမှု သက်သာတဲ့ Chipset ပါတဲ့အတွက် Vivo X Fold+ ဟာ ဗီဒီယိုတွေကြည့်ရင် ၂ နာရီလောက် အသုံးခံပါတယ်။

Larger battery and faster wired charging

Wired Charging ကလည်း 66W ကနေ 80W အထိ တိုးတက်လာပြီး ၁၈ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်သလို ၁၀၀ ရာခိုင်နှုန်း အားသွင်းဖို့ ၃၅ မိနစ်ပဲ လိုပါတယ်။

vivo X Fold+ goes official with SD 8+ Gen 1, improved battery and new colorway

Vivo X Fold+ မှာ ၈ လက်မ Foldable မျက်နှာပြင် တပ်ဆင်ထားပြီး Ultra Thin Glass (UTG) နဲ့ ဖုံးအုပ်ထားပါတယ်။ 1-120Hz LTPO Panel ဖြစ်ပြီး ၆.၅၃ လက်မ Cover မျက်နှာပြင်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

vivo X Fold+ goes official with SD 8+ Gen 1, improved battery and new colorway

Hinge ကို Angle မျိုးစုံနဲ့ ဖွင့်လို့ရတဲ့အတွက် Multimedia နဲ့ Video Call တွေအတွက် အသုံးဝင်ပါတယ်။ Vivo က စပီကာတွေကို အသံကျယ်လောင်ပြီး ကြည်လင်ပြတ်သားအောင် ဖန်တီးထားပါတယ်။

အနောက်ကင်မရာတွေက 50MP Main , 48MP Ultrawide, 12MP Portrait နဲ့ 8MP Periscope (5x Magnification / 60x Digital Zoom) တွေ ဖြစ်ပါတယ်။

အရောင် အသစ် အနေနဲ့ Huaxia Red ကို ထုတ်လုပ်ပေးထားပြီး Faux Leather နဲ့ ဖုံးအုပ်ထားပါတယ်။ တရုတ်မှာ Vivo X Fold+ ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၂၉ ရက်နေ့ရောင်းမှာပါ။ အခြေခံ 12/256GB မော်ဒယ်ကို ၁,၄၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarenea

The post SD 8+ Gen 1 ပါတဲ့ vivo X Fold+ ကို ကြေညာ appeared first on MyTech Myanmar.

Comments