Selfie ပိုင်းဦးစားပေးထားတဲ့ Xiaomi Civi 2 ကို တရားဝင်မိတ်ဆက်လိုက်ပြီ

အခုရက်ပိုင်းမှာ iPhone 14 Pro ဖုန်းတွေရဲ့ Dynamic Island ပုံစံ Punch-hole Camera အသုံးပြုထားတယ်ဆိုပြီး နာမည်ကြီးနေတဲ့ Xiaomi Civi 2 ဖုန်းကို တရုတ်နိုင်ငံအတွင်းမှာ တရားဝင်မိတ်ဆက်လိုက်ပြိဖြစ်ပါတယ်။ အဆိုပါ Xiaomi Civi ဖုန်းဟာ ယခင် Civi Series ဖုန်းတွေလိုမျိုးပဲ Design ပိုင်းနဲ့ Selfie Camera ပိုင်းကို ပိုမိုအာရုံစိုက်ထားတယ်လို့ ပြောနိုင်ပါတယ်။

Xiaomi Civi 2 ဟာ Design ပိုင်းအနေနဲ့ Display ရဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာ Dual Selfie Camera ကို Punch-hole အနေနဲ့ ထည့်သွင်းပေးထားပြီး Curved ပြုလုပ်ထားသည့် ဘေးဘောင်တွေပါဝင်မှာဖြစ်ပါတယ်။ နောက်ကျောဘက်မှာတော့ Triple Camera Setup ပါဝင်မှာဖြစ်ပြီး Pattern Design တွေကိုလည်း ထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။ အထူအနေနဲ့လည်း 7.23mm ပဲရှိပြီး 171.8g ပဲ အလေးချိန်ရှိတာကြောင့် တော်တော်လေးပါးလွှာပေါ့ပါးတယ်လို့ ပြောနိုင်ပါတယ်။

Specification တွေအနေနဲ့ကတော့ 6.55″ Curved OLED FHD+ Display ကို အသုံးပြုထားပြီး 120Hz Refresh ကိုထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ အဆိုပါ Display ဟာ 800nits Brightness ၊ 240Hz Touch Sampling Rate နှင့် 1920Hz PWM Dimming စတဲ့ Feature တွေလည်းပါဝင်မှာဖြစ်ပြီး Corning Gorilla Glass 5 ဖြင့် ကာကွယ်ပေးထားပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 7 Gen 1 Chipset ကို အသုံးပြုထားပြီး RAM 8GB သို့မဟုတ် 12GB ဆိုပြီးရွေးချယ်နိုင်သလို Storage ပိုင်းမှာလည်း 128GB သို့မဟုတ် 256GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 50MP Sony IMX766 Primary Sensor ၊ 20MP Ultrawide Sensor နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုပေးထားပါတယ်။

Selfie Camera အနေနဲ့ကတော့ 32MP Sensor ၂ လုံးကိုထည့်သွင်းပေးထားပြီး Main Sensor ဟာ Autofocus ပါဝင်မှာဖြစ်သလို ကျန်တဲ့ Sensor ကတော့ 100-Degree Ultrawide အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ Battery ပိုင်းတွေမှာတော့ 4500mAh Battery ပါဝင်မှာဖြစ်ပြီး 67W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ Xiaomi ဟာ Civi 2 ဖုန်းကို Xiaomi 12 Lite NE အနေနဲ့ နာမည်ပြောင်းလဲပြီး နိုင်ငံတကာစျေးကွက်မှာ ပြောင်းလဲမိတ်ဆက်သွားမယ်လို့ သိရပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Xiaomi Civi 2 စမတ်ဖုန်းဟာ တရုတ်ယွမ်ငွေ ၂,၃၉၉ မှစတင်ပြီးတော့ ငွေစျေးအတက်အကျပေါ်မှုတည်၍ မြန်မာငွေ ၁၂ သိန်းနှင့်အထက် ကျသင့်နိုင်ပါတယ်။

Ref – Gizmo China

The post Selfie ပိုင်းဦးစားပေးထားတဲ့ Xiaomi Civi 2 ကို တရားဝင်မိတ်ဆက်လိုက်ပြီ appeared first on MyTech Myanmar.

Comments