ကွာတား ၃ မှာ ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားကျဆင်းခဲ့ပေမယ့် Apple က တိုးတက်လာ

Omdia က ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလရဲ့ ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လ ရောင်းအားထက် တိုးတက်လာပေမယ့် ၂၀၂၁ ခုနှစ် ကွာတား ၃ ထက် ကျဆင်းသွားပါတယ်။

Omdia: Q3 22 better than Q2 but worse than last year, only Apple ships more phones

ကွာတား ၃ မှာ ဖုန်း ရောင်းအားဟာ ကွာတား ၂ ထက် ၂.၅ ရာခိုင်နှုန်း တိုးတက်လာပေမယ့် အရင်နှစ်ကွာတား ၃ ထက် ၇.၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

Omdia: global smartphone market down in Q3, but Apple grows - GSMArena.com news

Samsung က နံပါတ် ၁ နေရာကို ဖုန်း အလုံးရေ ၆၄.၁ သန်းနဲ့ သိမ်းပိုက်ထားပြီး ကွာတား ၂ ထက် ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပေမယ့် အရင်နှစ် ကွာတား ၃ ထက် ၇.၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ နံပါတ် ၂ နေရာမှာ Apple က ၅၂.၂ သန်းနဲ့ ရပ်တည်နေပြီး အရင်နှစ်ကထက် ၂.၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Huawei က အရင်နှစ်ကထက် ရောင်းအား အများကြီး တိုးတက်လာတဲ့ ၁ ခုထဲသော ကုမ္ပဏီ ဖြစ်ပါတယ်။

တရုတ် ကုမ္ပဏီတွေက ရောင်းအား အကျဆင်းဆုံး ဖြစ်ပါတယ်။ Xiaomi က အလုံးရေ ၄၀.၅ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၁၁.၂ ရာခိုင်နှုန်း နည်းပါးသွားပါတယ်။ OPPO က ၂၉.၁ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၁၈.၉ ရာခိုင်နှုန်း ၊ Vivo က ၂၅.၃ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၂၂.၄ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

realme က အရင်နှစ်ကထက် ၁၁.၇ ရာခိုင်နှုန်း နည်းပါးသွားပြီး Honor က ဒီနှစ်မှာ ၁၄.၂ သန်းနဲ့ အရင်နှစ်မှာ ၁၄.၅ သန်း ရောင်းချနိုင်ခဲ့တဲ့အတွက် ရောင်းအား သိပ်မကွာပါဘူး။

Omdia က တရုတ် ဖုန်းဈေးကွက်ကျဆင်းခြင်း၊ ကပ်ရောဂါကြောင့် တရုတ် မြို့တွေမှာ Lockdown ချခြင်း၊ ရုရှား-ယူကရိန်း စစ်ပွဲ၊ အိန္ဒိယက နိုင်ငံရေး ပြဿနာများနဲ့ ကမ္ဘာ့ စီးပွားရေး ကျဆင်းလာတာတွေကြောင့် ဒီနှစ် ကွာတား ၃ မှာ ဖုန်း ရောင်းအားကျသွားတာလို့ သုံးသပ်ပါတယ်။ ကွာတား ၄ မှာလည်း ဆက်လက်ပြီး ကျဆင်းနိုင်ပါတယ်။

Ref : gsmarena

The post ကွာတား ၃ မှာ ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားကျဆင်းခဲ့ပေမယ့် Apple က တိုးတက်လာ appeared first on MyTech Myanmar.

Comments