iPhone 15 Pro မှာ Solid State Volume Button ပါလာနိုင်

နောက်နှစ်မှာ ထွက်မယ့် iPhone 15 Series ရဲ့ သတင်းအချက်အလက်တွေ အခုကတည်းက စတင် ထွက်ပေါ်နေပါတယ်။ TF International Securities ရဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ iPhone 15 Pro နဲ့ Pro Max မှာ Solid State Power နဲ့ Volume Button တွေကို ထည့်သွင်းထားမယ်လို့ ပြောပါတယ်။

Kuo: Apple iPhone 15 Pro to bring solid state volume buttons - GSMArena.com news

အဲဒီ Button အသစ်တွေဟာ iPhone 7 မှာ မိတ်ဆက်ခဲ့ပြီး iPhone SE (2022) မှာ အထိ အသုံးပြုနေဆဲ ဖြစ်တဲ့ Touch ID ဆန်ဆာလို အလုပ်လုပ်မှာဖြစ်ပါတယ်။ ဖရိမ်ရဲ့ ဘယ်ဘက်နဲ့ ညာဘက်မှာ Taptic Engines အပို ၂ ခု ထည့်သွင်းထားတဲ့အတွက် အဲဒီလို အလုပ်လုပ်နိုင်တာပါ။

iPhone 15 Pro to Feature Solid State Buttons [Kuo] - iClarified

Solid State Button တွေဟာ ဖိနှိပ်မှုကို အတည်ပြုဖို့ Haptic Feedback ကို ပံ့ပိုးပေးနိုင်ပါတယ်။ အဲဒီ Button အသစ်တွေကို iPhone 15 Pro နဲ့ Pro Max/Ultra မှာပဲ တပ်ဆင်ထားမှာ ဖြစ်ပြီး ရိုးရိုး iPhone 15 မော်ဒယ်တွေမှာ သာမာန် Button ကိုပဲ ထည့်သွင်းထားနိုင်ပါတယ်။ Kuo က Android ဖုန်း ကုမ္ပဏီတွေဟာလည်း Apple ရဲ့ နည်းလမ်းကို အတုခိုးကာ စွမ်းရည်မြင့် ဖုန်းတွေမှာ Solid State Button တွေကို အသုံးပြုလာကြမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

အရင်ပေါက်ကြားသတင်းတွေအရ iPhone 15 Ultra မှာ တိုက်တေနီယမ် ကိုယ်ထည် ပါလာမှာ ဖြစ်ပြီး ဒီဇိုင်းက ပရီမီယမ်ဆန်မယ်လို့ ပြောပါတယ်။ အရင်က iPhone 14 Pro Max မှာ တိုက်တေနီယမ် ကိုယ်ထည် ပါလာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် မဖြစ်လာခဲ့ပါဘူး။

Ref : gsmarena

The post iPhone 15 Pro မှာ Solid State Volume Button ပါလာနိုင် appeared first on MyTech Myanmar.

Comments