ဘရာဇီးက Charger မပါတဲ့ iPhone တွေကို စတိုးတွေကနေ သိမ်းနေ

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဘရာဇီး တရားရေး ဌာနက Charger မထည့်သွင်းထားတဲ့ iPhone တွေဟာ Consumer တွေအတွက် နစ်နာစေတဲ့အတွက် ရောင်းချမှု ရပ်နားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဘရာဇီးက Apple ကို ဒေါ်လာ သန်းနဲ့ချီကာ ဒဏ်ငွေ ရိုက်ခဲ့ပေမယ့် Apple ဟာ အမိန့်ကို မလိုက်နာခဲ့ပါဘူး။

iPhone - Apple

အခုတော့ ဘရာဇီးက Charger မပါတဲ့ iPhone တွေကို စတိုးတွေကနေ သိမ်းနေပါတယ်။ ဘရာဇီးရဲ့ ဘရာစီလီယာက စတိုးတွေမှာ iPhone တွေကို လိုက်သိမ်းနေတာ ဖြစ်တယ်လို့ Technoblog က ရေးသားထားပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ iPhone ရောင်းတဲ့အခါ Charger ထည့်သွင်းပေးဖို့ Apple ကို ပိုမို ဖိအားပေးမှာ ဖြစ်ပါတယ်။

iPhone 13: Buyer's Guide, Should You Buy?

အာဏာပိုင်တွေဟာ Carrier စတိုးတွေနဲ့ Apple အသိအမှတ်ပြု စတိုးတွေကနေ iPhone တွေကို သိမ်းနေတာ ဖြစ်ပြီး Charger မပါတဲ့ iPhone တွေကိုပဲ သိမ်းနေတာပါ။

Apple ဟာ iPhone 12 Series က စတင်ကာ ဘူးထဲမှာ Charger မထည့်သွင်းပေးတော့ပါဘူး။

Apple Brazil က တရားရုံး ဆုံးဖြတ်ချက် မချသေးခင်မှာ iPhone တွေကို ရောင်းချခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ Apple ဟာ တရားရုံးမှာ အယူခံဝင်ထားတယ်လို့ သိရပြီး အမှုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Ref : gizmochina

The post ဘရာဇီးက Charger မပါတဲ့ iPhone တွေကို စတိုးတွေကနေ သိမ်းနေ appeared first on MyTech Myanmar.

Comments