Pre-order ကြိုတင်မှာယူသည့်ကာလမှာပင် လူကြိုက်များခဲ့သည့် realme C55 ကို စတင်ဝယ်ယူနိုင်ပြီ

realme C Series သမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် မဟာဗျူဟာကျသည့် အဆင့်မြှင့်တင်မှုများပြုလုပ်ပေးထားသည့် realme C55 ထုတ်ကုန်သစ်၏ “C for Champion Event” အခမ်းအနားကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်တွင် မန္တလေးမြို့ရှိ Mingalar Mandalay Hotel တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ realme ၏ Brand Ambassador ဖြစ်သူ ဝတ်မှုံရွှေရည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးမှ မိတ်ဖက်လုပ်ငန်းရှင်ကြီးများ၊ အရောင်းကိုယ်စားလှယ်ကြီးများ၊ အထူးဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် မီဒီယာများက တက်ရောက်ခဲ့ကြသည်။ ညစာတည်ခင်းဧည့်ခံချိန်တွင် Master Chef (Season 2) Champion ဖြစ်သူ Chef Arkar က ဆော်လမွန်ငါးဖြင့်အထူးပြုလုပ်ထားသည့် realme C55 အထူးဟင်းလျာကိုပါ တည်ခင်းကျွေးမွေးခဲ့သည်။

realme C55 ထုတ်ကုန်သစ်ကို မတ်လ ၂၃ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းဆိုင်ကြီးများနှင့် realme Counter ရှိသည့်ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူနိုင်ပြီဖြစ်ပြီး 6+128 version အတွက် ၄၉၉,၉၀၀ ကျပ်နှင့် 8+256 version အတွက် ၅၆၉,၉၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ Sunshower အရောင်နှင့် Rainy Night ၂ရောင်ထဲမှ နှစ်သက်ရာကိုရွေးချယ်နိုင်စေမည်ဖြစ်သည်။

Media များ၏ညွှန်းဆိုချက်အရ ၅သိန်းဝန်းကျင်တွင် ရွေးချယ်စရာကောင်းသည့်ထုတ်ကုန်တစ်ခုအဖြစ် ရွေးချယ်နိုင်မည်ဖြစ်ပြီး ကင်မရာပိုင်းတွင် GT Master Edition တွင်အသုံးပြုခဲ့သည့် 64MP နှင့်အတူ အမြင့်ဆုံး Storage ဖြစ်သည့် 256GB ကိုပါ ပထမဆုံးရွေးချယ်နိုင်မည်ဖြစ်သည်။ Design ပိုင်းတွင်လည်း တီထွင်ဆန်းသစ်မှုအပြည့်ဖြင့်ဖန်တီးထာသည့် မိုးစက်မိုးပေါက်လေးများ ညီညာစွာကျနေသည့်အသွင်ဖြစ်သော Sunshower Design ကိုခေတ်ဆန်စွာဖြင့် ထိတွေ့အသုံးပြုနိုင်မည်ဖြစ်သည်။

C Series သမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့်အမြင့်ဆုံးအဆင့်မြှင့်တင်ပေးထားသည့် 90Hz Refresh Rate နှင့်အတူ ပထမဆုံး Punch-Hold ဒီဇိုင်း၊ ၆.၇၂လက်မအရွယ်အစားရှိ FullHD Display အမျိုးအစားကိုအသုံးပြုပေးထားခြင်းဖြစ်သည်။ 5000mAh ဘက်ထရီကို အသုံးပြုပေးထားသော်လည်း C Series များထဲတွင် အပါးလွှာဆုံးဖြစ်သည့် ၇.၈၉ မီလီမီတာအထူသာရှိသည့်အတွက် ပေါ့ပါးကျစ်လျစ်သည့် ခံစားချက်ကိုအပြည့်အဝရရှိစေမည်ဖြစ်သည်။ အားသွင်းစနစ်အတွက်လည်း ယခင် C Series ထက် ၂ဆပိုမိုမြန်ဆန်သည့် 33W ကိုအသုံးပြုပေးထားပြီး 0-100 အားပြည့်ရန် ၆၃မိနစ်ဝန်းကျင်သာ ကြာမည်ဖြစ်ကာ 0-50 အားပြည့်ရန်အတွက် ၂၉မိနစ်သာ အားသွင်းရမည်ဖြစ်သည်။

Android Version 13 ပေါ်တွင် အခြေခံထားသည့် realme UI 4.0 ကို တစ်ပါတည်းထိတွေ့အသုံးပြုရမည်ဖြစ်ပြီး Android ပထမဆုံးဖြစ်သည့် Mini Capsule feature ကိုလည်း Punch-Hole နေရာတစ်ဝိုက်တွင် သတင်းအချက်အလက်ပြသပေးမှုပိုင်းအတွက် ထူးခြားစွာထိတွေ့ခံစားရစေမည်ဖြစ်သလို နောက်ပိုင်းတွင်လည်း Software update မှတစ်ဆင့် များစွာသောအချက်အလက်ပြသပေးမှုများကို ဆက်လက်ရရှိစေဦးမည်ဖြစ်သည်။

Ref: realme press release

The post Pre-order ကြိုတင်မှာယူသည့်ကာလမှာပင် လူကြိုက်များခဲ့သည့် realme C55 ကို စတင်ဝယ်ယူနိုင်ပြီ appeared first on MyTech Myanmar.

Comments