vivo X Flip ကို Google Play Supported Device List မှာ တွေ့လာရပြီး ဧပြီလမှာ ကြေညာနိုင်

vivo X Flip ဟာ Foldable မျက်နှာပြင်ပါတဲ့ vivo ရဲ့ ပထမဆုံး Flip ဖုန်း ဖြစ်ပါတယ်။ အခုတော့ vivo X Flip ကို Google Play Supported Device List မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မကြာတော့ပါဘူး။ Google Play Supported Device List မှာ vivo X Flip ရဲ့ မော်ဒယ်နံပါတ်ဟာ V2256A ဖြစ်ပါတယ်။

အဲဒီ မော်ဒယ်နံပါတ်ကို Geekbench , 3C Certification နဲ့ IMEI Database မှာ အရင်က တွေ့ခဲ့ရပြီး Geekbench မှာ Snapdragon 8 Plus Gen 1 Chipset ၊ 12GB RAM နဲ့ Android 13 OS ပါလာမယ်လို့ ဖော်ပြထားပါတယ်။ 3C မှာတော့ 44W Fast Charging ထည့်ထားတယ်လို့ ဖော်ပြထားပါတယ်။

Vivo X Flip

အရင်ပေါက်ကြားသတင်းတွေအရ vivo X Flip မှာ 6.8 Inch Foldable AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Full HD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ ဖုန်း အနောက်ဘက်က မျက်နှာပြင်မှာ 682 Pixels Resolution ပါလာမှာပါ။ vivo X Flip မှာ Android 13 အခြေပြု OriginOS 3 မောင်းနှင်ထားမှာပါ။

vivo X Flip မှာ Snapdragon 8 Plus Gen 1 Chip ၊ 12GB LPDDR5 RAM နဲ့ 512GB UFS 3.1 Storage အထိ ထည့်သွင်းထားမှာပါ။ 4,400mAh Battery နဲ့ 44W Fast Charging ပါလာနိုင်ပြီး လုံခြုံရေးအတွက် ဘေးဘက်လက်ဗွေရာ ကိရိယာတပ်ဆင်ထားမှာပါ။

vivo X Flip ရဲ့ အနောက်ဘက်မှာ 50MP Sony IMX866 Main ၊ 12MP Sony IMX663 Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး ပါလာနိုင်ပါတယ်။

Ref : gizmochina  

The post vivo X Flip ကို Google Play Supported Device List မှာ တွေ့လာရပြီး ဧပြီလမှာ ကြေညာနိုင် appeared first on MyTech Myanmar.

Comments