“Flagship လိုကြမ်း realme 11” ထုတ်ကုန်သစ်မှာ Flagship ဆန်တဲ့ 67W အားသွင်းနည်းပညာနဲ့ 108MP ပရိုကင်မရာတို့ကို ထည့်သွင်းပေးထား

စမတ်ဖုန်းတစ်လုံးအတွက် အရေးကြီးဆုံးအခြေခံအစိတ်အပိုင်းကိုပြောရမယ်ဆိုရင် အားသွင်းစနစ်နဲ့ ဘက်ထရီလို့ပြောနိုင်ပါတယ်။ သူတို့သာမရှိဘူးဆိုရင် ဖုန်းရဲ့ Display ဘယ်လောက်ကောင်းတယ်၊ Chipset ကဘယ်လောက်ကောင်းတယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဘာအကျိုးကျေးဇူးမှရရှိနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါက ဖုန်းတစ်လုံးရဲ့အခြေခံအရေးကြီးဆုံးအချက်ကို ရွေးချယ်ပြီး ပြောကြည့်တဲ့အခါမှာ ဆက်စပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်က ဖွံ့ဖြိုးတိုးတက်လာတဲ့ ဖုန်းတွေရဲ့အားသွင်းစနစ်ပိုင်းပဲ ဖြစ်ပါတယ်။

တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ realme အနေနဲ့ ဖုန်းအားသွင်းနည်းပညာပိုင်းမှာ သက်ဆိုင်တဲ့သုတေသနနဲ့ဖွံ့ဖြိုးမှုတွေနဲ့အတူ ငွေကြေးမြောက်မြားစွာကို ရင်နှီးမြှုပ်နှံထားပါတယ်။ အခြေခံအဆင့်ဖြစ်တဲ့ 10W ကနေပြီး တဖြည်းဖြည်းနဲ့တိုးတက်လာခဲ့တာ 18W အားသွင်းစနစ်၊ 33W အားသွင်းစနစ်၊ 50W အားသွင်းစနစ်၊ 65W အားသွင်းစနစ်၊ 67W အားသွင်းစနစ်တွေကို ချပြမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ထုတ်ကုန်တွေမြင့်မားတိုးတက်ကောင်းမွန်လာသလိုပဲ သူတို့နဲ့လိုက်ဖက်မယ့်အဆင့်မြင့်အားသွင်းစနစ် တွေကိုပါ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပြီးထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။

သုံးစွဲသူတွေအတွက် နေ့စဥ်ဘဝမှာ ပိုမိုကောင်းမွန်တဲ့ flagship ထုတ်ကုန်လို အတွေ့အကြုံတွေကို ပေးစွမ်းနိုင်စေဖို့ရည်ရွယ်ချက်နဲ့ Flagship အဆင့် အားသွင်းနည်းပညာ ဖြစ်တဲ့ 67W ကို အသစ်ထွက်ရှိလာမယ့် realme 11 စမတ်ဖုန်းသစ်မှာ ထည့်သွင်းပေးထားပြီဖြစ်ပါတယ်။

အားသာချက်တွေအနေနဲ့ ဖုန်းပြည့်အောင်အားသွင်းရမယ့်အချိန် တိုတောင်းသွားမှာဖြစ်ပြီး အသုံးပြုနိုင်မယ့်ဘက်ထရီအားကိုတော့ ပိုမိုကြာရှည်ခံစေမှာဖြစ်ပါတယ်။ စံစမ်းသပ်ချက်တွေအရ ဘက်ထရီ ၁ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အားသွင်းဖို့ အချိန် ၁၇မိနစ် သာကြာစေမှာဖြစ်ပါတယ်။

ဒီအချက်က ဖုန်းသုံးစွဲသူအတွက် လက်တွေ့ဆန်တဲ့နေ့စဥ်ဘဝရဲ့အားသာချက်တစ်ခုအဖြစ် ရရှိစေမှာဖြစ်ပါတယ်။ realme 11 ထုတ်ကုန်သစ်အတွက် Flagship level အားသွင်းစနစ်အပြင် အသုံးအများဆုံးကင်မရာပိုင်းအတွက် အဆင့်မြင့် Sensor စနစ်ပါဝင်တဲ့ 108MP Pro ကင်မရာကိုပါထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

realme အနေနဲ့ လူငယ်သုံးစွဲသူတွေရဲ့အမှန်တကယ်လိုအပ်ချက်တွေကို အမြဲတမ်းနားလည်နိုင်ဖို့ ကြိုးစားလျက်ရှိသလို နောက်ဆုံးပေါ်အကောင်းဆုံးနည်းပညာတွေနဲ့အတူ သုံးစွဲသူတွေရဲ့တောင်းဆိုမှု ကိုဖြည့်ဆည်းပေးလျက်ရှိနေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ထုတ်လုပ်လိုက်တဲ့ထုတ်ကုန်တိုင်းအတွက် နေ့စဥ်ဘဝလိုအပ်သုံးစွဲမှုတွေကိုပါ ပိုမိုသိရှိနိုင်အောင်ပါ ကြိုးစားပေးနေပါတယ်။ နည်းပညာဟာ ဘယ်တော့မှရပ်တန့်မသွားသလိုပဲ realme အနေနဲ့လည်း လက်တွေ့ဘဝလိုအပ်ချက်နဲ့ကိုက်ညီစေပြီး ပိုမိုအကျိုးရှိတဲ့ထုတ်ကုန်နဲ့နည်းပညာတွေကိုပါ စဥ်ဆက်မပြတ်တီထွင်ဆန်းသစ်သွားဦးမှာဖြစ်သလို အထူးသဖြင့် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူငယ်သုံးစွဲသူတွေအတွက် အကောင်းဆုံးအရာတွေကို ပေးအပ်သွားဦးမှာဖြစ်ပါတယ်။

တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဓာတ်ပုံပြိုင်ပွဲအစီအစဥ်တစ်ခုကို realme Myanmar Page ကနေ ကျင်းပပြုလုပ်ပေးသွားမယ်

ဓာတ်ပုံရိုက်ဝါသနာပါတဲ့ realme fan တွေအတွက်ရည်ရွယ်ပြီး “ဆီမီးမြိုင်မြိုင် တန်ဆောင်တိုင် ညအလှဓာတ်ပုံပြိုင်ပွဲ” အစီအစဥ်တစ်ခုကိုပါ နိုဝင်ဘာလ ၂၁ ရက်ကနေ စတင်ကျင်းပပြုလုပ်ပေးထားပြီဖြစ်လို့ အားလုံးပါဝင်နိုင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

ပြိုင်ပွဲကာလက တော့ ဒီဇင်ဘာလ ၁ရက်အနေ့အထိဖြစ်လို့ တန်ဆောင်တိုင်အငွေ့အသက်ပါပြီး realme ဖုန်းနဲ့ရိုက်ထားတဲ့ပုံလေးတွေနဲ့အတူ သက်မှတ်ထားတဲ့hashtag ၂ခုဖြစ်တဲ့ “#67Wနဲ့အားသွင်းကြမ်း 108MPနဲ့ရိုက်ချင်လန်း” နဲ့ “#realme11” တို့နဲ့အတူ သက်ဆိုင်ရာ realme Myanmar Page ရဲ့ Campaign Post အောက်မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။

အသေးစိပ်အချက်အလက်တွေကိုလည်း realme Myanmar Page မှာ သွားရောက်လေ့လာနိုင်ပါတယ်။
ဆုတွေအနေနဲ့ ပထမဆုအတွက် realme C51 တစ်လုံး၊ ဒုတိယဆုအတွက် ၂သိန်းကျပ်၊ တတိယဆုအတွက် ၁သိန်းကျပ်တို့ကို ဆွတ်ခူးရရှိနိုင်မှာဖြစ်ပါတယ်။

Media release: realme

The post “Flagship လိုကြမ်း realme 11” ထုတ်ကုန်သစ်မှာ Flagship ဆန်တဲ့ 67W အားသွင်းနည်းပညာနဲ့ 108MP ပရိုကင်မရာတို့ကို ထည့်သွင်းပေးထား appeared first on MyTech Myanmar.

Comments