iPhone 16 Pro နဲ့ Pro Max အတွက် အရောင်အသစ်တွေ ထွက်ရှိမည်

နာမည်ကြီး Leakster တစ်ယောက်က iPhone 16 Pro နဲ့ Pro Max အတွက် အရင်က မထွက်ဖူးတဲ့ အရောင် အသစ် ၂ ရောင် ထွက်လာမယ်လို့ ပြောပါတယ်။ အဲဒီ အရောင်တွေက Desert Yellow/Desert Titanium နဲ့ Cement Gray/ Titanium Gray တို့ ဖြစ်ပါတယ်။

Desert မော်ဒယ်ဟာ iPhone 14 Gold နဲ့ဆင်တူမှာ ဖြစ်ပေမယ့် အရောင်ပိုနက်မှာ ဖြစ်ပါတယ်။ Gray အရောင်အသစ်ဟာ လွန်ခဲ့တဲ့နှစ်များစွာကထွက်ခဲ့တဲ့ iPhone 6 ရဲ့ Space Gray နဲ့ ဆင်တူမှာ ဖြစ်ပါတယ်။ Apple ဟာ အဲဒီ အရောင်အသစ်တွေအတွက် နာမည်ကို မဆုံးဖြတ်ရသေးဘူးလို့ ထင်ပါတယ်။ Apple ဟာ iPhone 16 Series အတွက် တခြား အရောင်တွေကိုလည်း စဉ်းစားနေပါတယ်။

Here's What the iPhone 16 Pro and iPhone 16 Pro Max Will Look Like - MacRumors

Apple ဟာ ပုံမှန်အားဖြင့် iPhone Pro အတွက် အရောင် ၄ ရောင် ထုတ်လုပ်ရောင်းချလေ့ရှိပြီး White နဲ့ Black ပါဝင်ပါတယ်။ iPhone 15 Pro မျိုးဆက်ရဲ့ Blue, Titanium နဲ့ Natural Titanium အရောင်တွေကိုလည်း ၂၀၂၄ ခုနှစ်မှာ ထွက်မယ့် iPhone 16 Series မှာ ထည့်သွင်းပေးမယ့်ပုံပေါ်ပါတယ်။

ထုံးစံအတိုင်းဆိုရင် Apple ဟာ iPhone 16 Series ကို စက်တင်ဘာလမှာ ကြေညာမှာ ဖြစ်ပြီး အချိန်တော်တော်လိုသေးတဲ့အတွက် ဒီကြားထဲမှာ iPhone 16 Series ရဲ့သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာဦးမှာပါ။

Ref : gsmarena

The post iPhone 16 Pro နဲ့ Pro Max အတွက် အရောင်အသစ်တွေ ထွက်ရှိမည် appeared first on MyTech Myanmar.

Comments