Lenovo က MWC 2024 မှာ ဖောက်ထွင်းမြင်ရတဲ့ လက်ပ်တော့ကို ပြသမည်

Lenovo က Mobile World Congress (MWC) 2024 မှာ ဖောက်ထွင်းမြင်ရတဲ့ လက်ပ်တော့ Concept ကို ပြသဖို့ စီစဉ်နေပါတယ်။ အဲဒီ လက်ပ်တော့ရဲ့ Teaser နဲ့ ဓါတ်ပုံတွေလည်း ထွက်ပေါ်လာပါတယ်။ အခုတော့ နာမည်ကြီး Tipster ၁ ယောက် ဖြစ်တဲ့ Evan Blass က အဲဒီ လက်ပ်တော့ရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။

လက်ပ်တော့ရဲ့ အရှေ့ဘက်ကို ဖောက်ထွင်းမြင်ရတဲ့ OLED မျက်နှာပြင်နဲ့ တည်ဆောက်ထားပါတယ်။ အဲဒီ မျက်နှာပြင် နည်းပညာကို Samsung နဲ့ LG တို့ ဖန်တီးနေတာ ကြာပါပြီ။ လက်ပ်တော့ရဲ့ အနောက်ဘက်ဟာလည်း ဖောက်ထွင်းမြင်ရပြီး အဓိက အစိတ်အပိုင်းတွေကို မျက်နှာပြင်အောက်က Chin မှာ ထည့်သွင်းထားပုံရပါတယ်။ Ports နဲ့ အန်တင်နာတွေကို Bezel ထဲမှာ တပ်ဆင်ထားတယ်လို့ ထင်ရပါတယ်။ ထိတွေ့အသုံးပြုနိုင်တဲ့ ကီးဘုတ်ကို ဖန်မျက်နှာပြင်အောက်မှာ မြှပ်နှံထားပါတယ်။

စပိန်နိုင်ငံ ဘာစီလိုနာမှာ Mobile World Congress ကို ဒီလနှောင်းပိုင်းမှာ ကျင်းပတော့မှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးက နည်းပညာ ကုမ္ပဏီများစွာက ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေကို အပြိုင်အဆိုင်ပြသကြတော့မှာ ဖြစ်ပါတယ်။

Lenovo ဟာ အဲဒီပွဲမှာ Hinge ကို ၃၆၀ ဒီဂရီ လှည့်ပတ်နိုင်ပြီး လက်ပ်တော့ ၊ တက်ဘလက် ၂ မျိုးသုံးနိုင်တဲ့ ThinkBook 14 G4 ၊ Intel နဲ့ AMD Chip တွေ ပါတဲ့ ThinkPad T14 Gen 5 ၊ Notch ပါတဲ့ T14S ၊ ပိုကြီးတဲ့ T16 Gen 3 လက်ပ်တော့နဲ့ ဒုတိယမျိုးဆက် ThinkPad X12 Detachable တို့ကို ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena

The post Lenovo က MWC 2024 မှာ ဖောက်ထွင်းမြင်ရတဲ့ လက်ပ်တော့ကို ပြသမည် appeared first on MyTech Myanmar.

Comments