1.47” AMOLED Display ပါတဲ့ Huawei Band 9 ကို ကြေညာ

Huawei က တရုတ်မှာ Band 9 Smart Band ကို ကြေညာလိုက်ပါတယ်။ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး ကျန်းမာရေးကို စောင့်ရှောက်တဲ့ Feature များစွာ ပါပါတယ်။

Huawei Band 9 specifications

Huawei Band 9 ဟာ လေးထောင့် ဒီဇိုင်း ဖြစ်ပြီး ညာဘက်မှာ ခလုတ် ၁ ခု တပ်ဆင်ထားပါတယ်။ 1.47” AMOLED Display ပါလာပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ AMOLED Display ကြောင့် Always-on Display Function ကို ထောက်ပံ့ပါတယ်။

Huawei Band 9 officially announced as leaker reveals promotional images and specifications - NotebookCheck.net News

သာမာန် သုံးရင် ဘက်ထရီသက်တမ်းက ၁၄ ရက် ဖြစ်ပြီး အလွန်အကျွံသုံးရင် ၉ ရက် အသုံးခံပါတယ်။ အားအပြည့်သွင်းဖို့ ၄၅ မိနစ်ကြာပါတယ်။

အားကစားလှုပ်ရှားမှု ၁၀၀ ကျော်ကို တိုင်းတာပေးနိုင်ပြီး အိပ်စက်မှုကို တွက်ချက်ပေးတဲ့ TruSleep 4.0 ပါပါတယ်။ နှလုံးခုန်နှုန်းနဲ့ စိတ်ဖိစီးမှုကို တိုင်းတာပေးနိုင်ပြီး အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းကိုလည်း တွက်ချက်ပေးနိုင်ပါတယ်။

Bluetooth 5.3 ဆက်သွယ်မှုကနေ Android 9.0 နဲ့အထက်၊ iOS 11 နဲ့ အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Huawei Band 9 ကို တရုတ်မှာ ၂၆၉ ယွမ် သတ်မှတ်ထားပြီး ရောင်းချပေးလိုက်ပါပြီ။

Ref : gizmochina

The post 1.47” AMOLED Display ပါတဲ့ Huawei Band 9 ကို ကြေညာ appeared first on MyTech Myanmar.

Comments