50MP ကင်မရာ ၄ လုံးပါတဲ့ Tecno Camon 30 Premier ကို ကြေညာ

Tecno က MWC 2024 မှာ Camon 30 Premier 5G ကို ပြသခဲ့ပြီး ကင်မရာအကြောင်းကိုပဲ ပြောသွားခဲ့ကာ တခြား Specs တွေကို မပြောခဲ့ပါဘူး။ အခုတော့ အဲဒီဖုန်းကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပြီး နောက်လမှာ ရောင်းမှာပါ။

Tecno Camon 30 Premier: A camera phone with a lot of power - Gizchina.com

Camon 30 Premier ကို မေလ အစောပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး Tecno ရဲ့ ဈေးကွက်ရှိတဲ့ နိုင်ငံပေါင်း ၇၀ ကျော်မှာ တဖြည်းဖြည်းချင်း တိုးချဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Tecno Camon 30 Premier highlights

အဲဒီဖုန်းမှာ 6.77” LTPO OLED Display တပ်ဆင်ထားပါတယ်။ 50MP ကင်မရာ ၄ လုံး ပါလာပြီး ၁ လုံးက အရှေ့ဘက်က Punch Hole နဲ့ ၃ လုံးက အနောက်ဘက်မှာ ဖြစ်ပါတယ်။ အနောက်ကင်မရာတွေက Wide, Ultrawide နဲ့ Periscope Telephoto တွေ ဖြစ်ပါတယ်။

Dimensity 8200 Ultra မောင်းနှင်ထားပြီး Android 14 ပါပါတယ်။ 70W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

Tecno က ဈေးနှုန်းကို မပြောသေးဘဲ နိုင်ငံအလိုက် ဈေးနှုန်း ကွာခြားမယ်လို့ ပြောပါတယ်။ တစ်နိုင်ငံချင်းစီမှာ ကြေညာတဲ့အချိန်ကျမှ ဈေးနှုန်းကို ပြောမှာပါ။

Ref : gsmarena

The post 50MP ကင်မရာ ၄ လုံးပါတဲ့ Tecno Camon 30 Premier ကို ကြေညာ appeared first on MyTech Myanmar.

Comments