ဗြိတိန်မှာ ဒေါ်လာ ၁ ဘီလီယမ် လျော်ကြေးပေးရနိုင်တဲ့ အမှုကို ရင်ဆိုင်ရတော့မယ့်  Apple

Apple ဟာ ဗြိတိန်မှာ ဒေါ်လာ ၁ ဘီလီယမ်နီးပါး လျော်ကြေးပေးရနိုင်တဲ့ အမှုကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဗြိတိန် အခြေစိုက် Developer ၁,၅၀၀ က Apple ကို တရားစွဲထားတာ ဖြစ်ပြီး တရားရုံးက အမှုကိုလက်ခံလိုက်ပြီ ဖြစ်ပါတယ်။ နောက်နှစ်မှာ အမှုကို စတင် ကြားနာ စစ်ဆေးတော့မှာပါ။

Apple has to face $1 billion lawsuit in court in the UK

Developer တွေက App နဲ့ တခြား အရာတွေကို ရောင်းချရငွေရဲ့ ၃၀ ရာခိုင်နှုန်းအထိ မတရားတဲ့ ကော်မရှင်ကြေးတွေကို ရယူထားလို့ Apple ကို တရားစွဲထားတာ ဖြစ်ပါတယ်။ iPhone နဲ့ တခြား Apple Device တွေမှာ App တွေ ရောင်းချတဲ့ ဈေးကွက်ကို Apple က လက်ဝါးကြီးအုပ်ထားတယ်လို့ စွပ်စွဲထားပါတယ်။

Apple has Offered to Pay $29.9 Million to Employees who were subjected to routine searches of their bags off-the-clock - Patently Apple

Apple ရဲ့ ရှေ့နေက ဇန်နဝါရီလတုန်းက ဗြိတိန် App Store ကနေဝယ်ယူမှုအတွက် ငွေကောက်ခံတာ မဟုတ်ရင် Developer တွေဟာ ဗြိတိန်မှာ တရားစွဲလို့ မရဘူးလို့ ပြောခဲ့ပါတယ်။ တရားသူကြီးက အဲဒါကို လက်မခံဘဲ ဗြိတိန် App Store မဟုတ်တဲ့ နေရာတွေကနေ ငွေကောက်ခံတာလည်း ဗြိတိန် Developer တွေအတွက် အကျုံးဝင်တယ်လို့ ပြောပါတယ်။

ဒီလိုအမှုမျိုးရင်ဆိုင်ရတာ Apple အတွက် ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ဥရောပမှာ Apple ဟာ တခြား App Store တွေကို ခွင့်ပြုပေးရတော့မှာ ဖြစ်သလို Developer တွေဟာ Apple App Store ပြင်ပမှာ App တွေ ရောင်းချခွင့်ပေးရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

The post ဗြိတိန်မှာ ဒေါ်လာ ၁ ဘီလီယမ် လျော်ကြေးပေးရနိုင်တဲ့ အမှုကို ရင်ဆိုင်ရတော့မယ့်  Apple appeared first on MyTech Myanmar.

Comments