AI နည်းပညာ ပါတဲ့ ဒရမ်တီးတဲ့ စက်ရုပ်

အော်စလို တက္ကသိုလ်မှ သုတေသန ပညာရှင်တွေက လူသားတွေထက် တီထွင်ဆန်းသစ်မှု ပိုကောင်းပြီး ပိုမြန်တဲ့ ZRob အမည်ရ ဒရမ်တီးတဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ စားပွဲခုံ အရွယ်အစားလောက်ရှိတဲ့ စက်ရုပ်ဟာ လူသား လက်ကောက်ဝတ်ကို တုပထားတဲ့ ပျော့ပြောင်းကွေးညွှတ်တဲ့ စက်ရုပ်လက်တံတွေနဲ့ ဒရမ်တီးတဲ့ တုတ်ချောင်းကို ကစားနိုင်ပါတယ်။ AI နည်းပညာကို အသုံးပြုပြီး စက်ရုပ်လက်တံတွေကို လှုပ်ရှားတာ ဖြစ်ပါတယ်။

ZRob: A new robotic drummer that could help musicians hone their craft

ZRob ဟာ တစ်ကိုယ်တော် တီးခတ်နိုင်သလို အဖွဲ့လိုက် တီးခတ်နိုင်ပါတယ်။ လူသားတွေထက် ပိုကောင်းတဲ့ Rhythms တွေကို ဖန်တီးနိုင်ပြီး တီးခတ်သံဟာ လူသားတွေနဲ့ ခွဲခြား မရအောင် တူညီပါတယ်။

Home - RITMO Centre for Interdisciplinary Studies in Rhythm, Time and Motion

စက်ရုပ်မှာ တီးခတ်သံကို နားထောင်နိုင်ပြီး လက်တံ တည်နေရာကို ခြေရာခံနိုင်တဲ့ စွမ်းရည် ပါရှိပါတယ်။ ZRobs စက်ရုပ်များစွာ စုပေါင်းပြီး ရှုပ်ထွေးတဲ့ ဒရမ် တီးခတ်မှုတွေကို ဖန်တီးနိုင်ပါတယ်။ လူသားတွေ တခါမှ နားမထောင်ဖူးသေးတဲ့ ဒရမ် လက်သံတွေကို စက်ရုပ်တွေက တီးခတ်နိုင်ပါတယ်။

အခုခေတ်မှာ စက်ရုပ်တွေကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာပဲ အစောပိုင်းက အသုံးပြုခဲ့ကြပေမယ့် အခုတော့ တခြား နယ်ပယ်တွေမှာပါ အသုံးပြုလာကြပါတယ်။ အခုဆိုရင် အနုပညာ ဖန်တီးနိုင်တဲ့ စက်ရုပ်တွေ ထွက်ပေါ်လာပါပြီ။ မကြာခင်ကပဲ လူတူစက်ရုပ်ရေးဆွဲတဲ့ ပန်းချီကားကို ဒေါ်လာ ၁ သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ အခုလည်း လူတွေထက် တော်တဲ့ ဒရမ်တီးတဲ့ စက်ရုပ်ပေါ်လာပါပြီ။

Ref : Technology Innovation

The post AI နည်းပညာ ပါတဲ့ ဒရမ်တီးတဲ့ စက်ရုပ် appeared first on MyTech Myanmar.

Comments