တောင်ကိုရီးယားရဲ့ စက်ရုပ်ခွေးက ကမ္ဘာ့ ပထမဆုံး အနေနဲ့ ၂၆ မိုင် မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်ခဲ့

တောင်ကိုရီးယားမှ KAIST က ဖန်တီးထားတဲ့ ခြေလေးချောင်းပါတဲ့ စက်ရုပ်ခွေး RAIBO2 ဟာ သမိုင်း မှတ်တိုင် တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ အဲဒီ စက်ရုပ်ခွေးဟာ ၂၂ ကြိမ်မြောက် Snagju Dried-Persimmon Marathon ပြိုင်ပွဲမှာ ၂၆ မိုင် (၄၂.၁၉၅ ကီလိုမီတာ) ခရီးကို ၄ နာရီ၊ ၁၉ မိနစ်၊ ၅၂ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပါတယ်။ ကမ္ဘာ့ ပထမဆုံး အနေနဲ့ ခြေလေးချောင်း စက်ရုပ်ခွေးဟာ အားတစ်ခါသွင်းထားတာနဲ့ မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်တဲ့ စံချိန်တင်နိုင်ခဲ့ပါတယ်။

World-first: RAIBO 2 becomes 1st 4-legged robot to complete 26-mile marathon

RAIBO2 ရဲ့ အောင်မြင်မှုဟာ အဆင့်မြင့် Learning Algorithms နဲ့ ထူးခြားဆန်းသစ်တဲ့ ခြေထောက် Joint နည်းပညာကြောင့် ဖြစ်ပါတယ်။ ဒီနည်းပညာဟာ စွမ်းရည်မြင့်မားသလို စွမ်းအင် သုံးစွဲမှု နည်းပါးစေပါတယ်။ RaiSim လို့ ခေါ်တဲ့ အတုအယောင် ပတ်ဝန်းကျင်မှာ လေ့ကျင့်တဲ့အခါ စက်ရုပ်ခွေးဟာ တည်ငြိမ်မှုနဲ့ စွမ်းရည် အပိုင်းမှာ ထူးချွန်ပြောင်မြောက်စွာ အလုပ်လုပ်နိုင်ပါတယ်။ တောင်ကုန်းတွေနဲ့ လှေခါးတွေကိုတောင် တက်နိုင်ပါတယ်။

Four-legged robot is first to complete a full marathon - Canadian Running Magazine

RAIBO2 ရဲ့ အောင်မြင်မှုကြောင့် ခြေလေးချောင်း စက်ရုပ်ခွေးတွေကို ကုန်ပစ္စည်း သယ်ယူပို့ဆောင်တာ၊ ကင်းလှည့်တာနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲတာတို့လို တကယ့် လက်တွေ့ ကမ္ဘာ လုပ်ငန်းတွေမှာ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ KAIST က RAIBO2 မှာ အလိုအလျှောက် သွားလာနိုင်တဲ့ စွမ်းရည်ကို ထည့်သွင်းဖို့ စီစဉ်ထားပြီး စက်ရုပ်ခွေး နည်းပညာမှာ နောက်ထပ် ခြေတစ်လှမ်း တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

Ref : Tech Explorers

The post တောင်ကိုရီးယားရဲ့ စက်ရုပ်ခွေးက ကမ္ဘာ့ ပထမဆုံး အနေနဲ့ ၂၆ မိုင် မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်ခဲ့ appeared first on MyTech Myanmar.

Comments