Account ကုိမွ်ေ၀သံုးသည့္အခါ…

အိမ္တစ္အိမ္တည္းမွာလည္းေနသည္။ ေဆြမ်ဳိးသားခ်င္းမိသားစု၀င္မ်ားလည္းျဖစ္သည္။ သုိ႔တည္းမဟုတ္ ယံုၾကည္စိတ္ခ်ရေသာ ႏွစ္ကုိယ့္တစ္စိတ္မိတ္ေဆြသူငယ္ခ်င္းျဖစ္သည္။ အခ်င္းခ်င္းေနာက္ေက်ာဓားႏွင့္ မထုိးမွာေသခ်ာသည္ဟုဆိုလွ်င္ အြန္လုိင္းမွာအခေပးသံုးရေသာ Account မ်ားကိုအခ်င္းခ်င္းမွ်ေ၀သံုးႏိုင္သည္။ အခ်ဳိ႕ေသာ Account မ်ားမွာ ဤသို႔ေ၀မွ်သံုးခြင့္လည္းရွိသည္။ မိသားစု၀င္မ်ား Account တစ္ခုကုိမွ်ေ၀သံုးမည္ဟုဆုိလွ်င္ Account ဖြင့္ရသည့္အလုပ္သက္သာမည့္အျပင္ password အတြက္ ဦးေႏွာက္ေျခာက္ရေသာျပသနာလည္းနည္းႏိုင္သည္။ အြန္လုိင္း Account မ်ားကုိ ဤသုိ႔မွ်ေ၀သံုးၾကပါမည္။

Amazon Prime

မိမိအိမ္သားထဲကတစ္ဦးဦးသည္ Amazon Prime ကုိအခေပးသံုးသူျဖစ္လွ်င္ ေနာက္တစ္ေန႔အိမ္အေရာက္အခမဲ့ပုိ႔မည့္ပစၥည္း၀ယ္ယူမႈအတြက္ သူ၏ Account ထဲသုိ႔၀င္ရန္မလုိပါ။ Prime Video Streaming ၾကည့္ရန္အတြက္လည္းထို Account ကုိ သံုးရန္မလိုပါ။ Amazon သည္ Amazon Household Option ျဖင့္ အခေပးသံုးသူတစ္ဦးအတြက္Account ႏွစ္ခုသံုးၿပီး မွ်ေ၀သံုးစြဲခြင့္ျပဳပါသည္။ ထိုသုိ႔ Account ႏွစ္ခုဖြင့္ၿပီးမွ်ေ၀သံုးစြဲမည္ဆုိလွ်င္ Amazon Website ထဲသုိ႔၀င္ၿပီး household ေခါင္းစဥ္ေအာက္မွတစ္ဆင့္ ေဆာင္ရြက္ရပါမည္။ Prime Membership သို႔၀င္ၿပီး Add in Adult ကုိေရြးရပါမည္။

Secondary account ဖြင့္ၿပီးလွ်င္ယင္းမွတစ္ဆင့္ Log In ၀င္ၿပီး Account ႏွစ္ခုၾကားတြင္ Prime benefit မ်ားကုိမွ်ေ၀အသံုးျပဳႏိုင္ပါသည္။ ထိုသုိ႔ေဆာင္ရြက္မႈအတြက္ အပုိကုန္က်ေငြမရွိပါ။ သုိ႔ေသာ္ Prime benefits ကုိ Children account ျဖင့္ မွ်ေ၀အသံုးမျပဳႏိုင္ပါ။ သို႔ေသာ္ household page စာမ်က္ႏွာသုိ႔၀င္ၿပီ းAdd a child ကုိႏွိပ္မည္ဆုိလွ်င္ digital contentမ်ားကုိ ကေလးမ်ားႏွင့္မွ်ေ၀သံုးစြဲႏိုင္သည္။ ကေလးငယ္မ်ားသည္ Amazon device အသံုးျပဳပါက parental control ကုိအသံုးျပဳၿပီး ထို device မ်ားကုိ စီမံခန္႔ခြဲႏိုင္သည္။

Netflix

Netflix account ဖြင့္ထားၿပီး အသံုးျပဳေနသည္ဟုဆုိလွ်င္ တစ္ခ်ိန္တည္းမွာ တစ္ခုထက္မကေသာ device မ်ားျဖင့္ Netflix streaming လုပ္ႏိုင္သည္။ ထိုသုိ႔အသံုးျပဳႏိုင္ရန္အတြက္ မွန္ကန္ေသာ plan တစ္ခုကုိ sign up လုပ္ထားရန္လိုသည္။ ေလာေလာဆယ္တြင္ Netflix standard plan တစ္ခုအတြက္ လစဥ္ေၾကးဆယ္ေဒၚလာရွိသည္။Standard plan ယူထားမည္ဆုိလွ်င္ device ႏွစ္ခုမွေန၍ တစ္ၿပိဳင္တည္း stream လုပ္ႏိုင္သည္။

မည္သည့္ plan ကုိ လက္မွတ္ထိုးၿပီးရယူထားသည္ျဖစ္ေစ Netflix account တစ္ခုစီတုိင္းအတြက္ မတူညီေသာ profile ငါးခုအထိ ေပါင္းထည့္ႏိုင္သည္။ ထိုသုိ႔ေပါင္းထည့္ထားမည္ဆုိပါက မိမိႏွင့္မိသားစု၀င္မ်ားအတြက္ ပုဂိၢဳလ္ေရးသီးသန္႔ ႐ုပ္ျမင္သံၾကားအစီအစဥ္ေထာက္ခံခ်က္မ်ားအျပင္ မၾကာေသးမီကၾကည့္ခဲ့ေသာ ဗီဒီယုိစာရင္းကုိလည္းရႏို္င္သည္။Profile တစ္ခုေပါင္းထည့္ရန္အတြက္ Netflix စာမ်က္ႏွာအေပၚညာဖက္ေထာင့္တြင္ေတြ႕ရေသာ account name တြင္ကလစ္ႏွိပ္ၿပီးေနာက္ Manage profiles ကုိေရြးရမည္။ Netflix user အားလံုးသည္ မိမိတို႔၏ credential မ်ားကိုသံုး၍ ယင္း account အတုိင္း၀င္ေပးရပါမည္။ ယင္းေနာက္တြင္ မိမိကုိယ္ပုိင္ profile ကုိ ေရြးကာ Netflix app မွျဖစ္ေစ၊ website သုိ႔တိုက္႐ိုက္၀င္၍ျဖစ္ေစသံုးႏိုင္ပါသည္။

Spotify

႐ိုး႐ုိး spotify account ယူမည့္အစား spotify premium for family account ကုိယူလွ်င္ မိသားစု၀င္ ၅ ဦးႏွင့္ျဖစ္ေစ၊ သူငယ္ခ်င္း၅ဦးႏွင့္ျဖစ္ေစ မွ်ေ၀သံုးစြဲႏုိင္သည္။ သုိ႔ေသာ္ မိမိ၏ account မွတစ္ဆင့္၀င္ရမည္ျဖစ္သည္။ အျခားေသာ အြန္လုိင္း၀န္ေဆာင္မႈမ်ားႏွင့္မတူသည့္အခ်က္မွာ အျခားေသာ၀င္ေရာက္ခ်ိတ္ဆက္အသံုးျပဳသူမ်ား၏ Log in details ကုိသံုးစြဲသူတို႔အား သိမ္းဆည္းခြင့္ျပဳျခင္းျဖစ္သည္။ ထို႔ေၾကာင့္မိမိအသံုးျပဳေသာ music library ႏွင့္ playlist တုိ႔ကုိ အျခားသူမ်ားႏွင့္မေရာယွက္ဘဲသီးျခားစီထားႏိုင္သည္။ ၁၃ ေဒၚလာေပးရေသာ normal premium membership ထက္စာလွ်င္ ေဒၚလာ၂၀ ေပးရေသာ premium membership ကပုိ၍ ေစ်းႀကီးသည္။ Normal member ship account ၆ခု၀ယ္ယူသည္ထက္စာလွ်င္ ကုန္က်စရိတ္သက္သာေနပါေသးသည္။

Family membership setup လုပ္မည္ဆုိလွ်င္ spotify.com ၏ Family ေခါင္းစဥ္ေအာက္သုိ႔ ဦးစြာ၀င္ရပါမည္။ ၿပီးလွ်င္ Get Started ၌ ကလစ္ႏွိပ္ရပါမည္။ Spotify premium account ကုိ set up လုပ္ၿပီးၿပီဆုိလွ်င္ အျခားေသာ account မ်ားကုိ မိမိ၏ account page မွေန၍ လိုအပ္သလိုစီမံခန္႔ခြဲႏိုင္သည္။ Premium for family ကုိ ေရြးခ်ယ္ၿပီး စီမံခန္႔ခြဲမႈျပဳလုပ္ရမည္ျဖစ္သည္။ Empty Slot တစ္ခုကုိကလစ္ႏွိပ္ေရြးခ်ယ္ၿပီးေနာက္ မိမိ account ထဲတြင္ ၀င္ေရာက္ပူးေပါင္းေစလိုသူတို႔ထံ အီးေမးပုိ႔၍ျဖစ္ေစ သုိ႔မဟုတ္ Link ေပး၍ျဖစ္ေစဖိတ္ၾကားႏိုင္သည္။ မိမိဖိတ္ၾကားသူတို႔တြင္ spotify premium account ရွိၿပီးျဖစ္ပါက သူတုိ႔ account သက္တမ္းကုန္ဆံုးခ်ိန္တြင္ spotify premium for Family plan ထဲသုိ႔လြယ္ကူ႐ုိးရွင္းစြာျဖင့္ ေရႊ႕ေျပာင္းႏိုင္ပါသည္။

Google Play

ဤ၀န္ေဆာင္မႈကုိ play store ဟူ၍လည္းသိထားၾကပါသည္။ Play store သည္ app မ်ားဂိမ္းမ်ားကုိ အခမဲ့ယူသည့္ေနရာသက္သက္မဟုတ္ပါ။ အခေပးစာအုပ္၊႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားဇာတ္လမ္းတြဲမ်ားကုိ ၀ယ္ယူႏိုင္သည့္ေနရာလည္းျဖစ္သည္။ အခေပးဂိမ္းႏွင့္ app မ်ားကုိလည္း ၀ယ္ယူႏိုင္သည္။ Google ၏အထူးခြင့္ျပဳခ်က္တစ္ခုမွာGoogle play family library ကုိအသံုးျပဳ၍ လူတစ္ဦး၀ယ္ယူထားေသာေနရာမ်ားကုိ က်န္သည့္မိသားစု၀င္ ၅ ဦးထံမွ်ေ၀အသံုးျပဳခြင့္ေပးျခင္းျဖစ္သည္။

Family library ကုိset up လုပ္မည္ဆုိလွ်င္ မိုဘိုင္းဖုန္းေပၚမွေန၍ play store app ကုိဖြင့္ၿပီး mail menu ထဲသုိ႔၀င္ရပါမည္။ ၿပီးလွ်င္ account ကုိ ေရြးရပါမည္။ ၿပီးလွ်င္ Family>Sign up for Family Library ကိုဆက္ေရြးရပါမည္။ ၿပီးလွ်င္ group ကုိ set up လုပ္ရပါမည္။ မိမိ၏ဖိတ္ေခၚျခင္းခံရေသာ မိသားစု၀င္မ်ားသည္လည္ းအထက္တြင္ ေဖာ္ျပထားေသာအဆင့္မ်ားကို လုိက္နာေဆာင္ရြက္ရပါမည္။ မိမိ၀ယ္ယူေသာအရာမ်ားကုိ family library ထဲသုိ႔အလိုအေလ်ာက္ ထည့္သြင္းေပးရန္ setting ခ်ိန္ထားႏိုင္သည္။ သုိ႔တည္းမဟုတ္ ၀ယ္ယူၿပီးေနာက္ပုိင္း မိမိကုိယ္တုိင္စိတ္ႀကိဳက္ေရြးၿပီး Family Library ထဲသုိ႔ထည့္သြင္းႏိုင္ပါသည္။

ဧဧသက္(ၿဖိဳးဓနဒစ္ဂ်စ္တယ္ဓာတ္ပံု)

(Unicode Version)

Account ကိုမျှဝေသုံးသည့်အခါ…

အိမ်တစ်အိမ်တည်းမှာလည်းနေသည်။ ဆွေမျိုးသားချင်းမိသားစုဝင်များလည်းဖြစ်သည်။ သို့တည်းမဟုတ် ယုံကြည်စိတ်ချရသော နှစ်ကိုယ့်တစ်စိတ်မိတ်ဆွေသူငယ်ချင်းဖြစ်သည်။ အချင်းချင်းနောက်ကျောဓားနှင့် မထိုးမှာသေချာသည်ဟုဆိုလျှင် အွန်လိုင်းမှ ာအခပေးသုံးရသော Account များကိုအချင်းချင်းမျှဝေသုံးနိုင်သည်။ အချို့သော Account များမှာ ဤသို့ဝေမျှသုံးခွင့်လည်းရှိသည်။ မိသားစုဝင်များ Account တစ်ခုကိုမျှဝေသုံးမည်ဟုဆိုလျှင် Account ဖွင့်ရသည့်အလုပ်သက်သာမည့်အပြင် password အတွက် ဦးနှောက်ခြောက်ရသောပြသနာလည်းနည်းနိုင်သည်။ အွန်လိုင် းAccount များကို ဤသို့မျှဝေသုံးကြပါမည်။

Amazon Prime
မိမိအိမ်သားထဲကတစ်ဦးဦးသည် Amazon Prime ကိုအခပေးသုံးသူဖြစ်လျှင် နောက်တစ်နေ့အိမ်အရောက်အခမဲ့ပို့မည့်ပစ္စည်းဝယ်ယူမှုအတွက် သူ၏ Account ထဲသို့ဝင်ရန်မလိုပါ။ Prime Video Streaming ကြည့်ရန်အတွက်လည်းထို Account ကို သုံးရန်မလိုပါ။ Amazon သည် Amazon Household Option ဖြင့် အခပေးသုံးသူတစ်ဦးအတွက်Account နှစ်ခုသုံးပြီး မျှဝေသုံးစွဲခွင့်ပြုပါသည်။ ထိုသို့ Account နှစ်ခုဖွင့်ပြီးမျှဝေသုံးစွဲမည်ဆိုလျှင် Amazon Website ထဲသို့ဝင်ပြီး household ခေါင်းစဉ်အောက်မှတစ်ဆင့် ဆောင်ရွက်ရပါမည်။ Prime Membership သို့ဝင်ပြီ းAdd in Adult ကိုရွေးရပါမည်။

Secondary account ဖွင့်ပြီးလျှင်ယင်းမှတစ်ဆင့် Log In ဝင်ပြီး Account နှစ်ခုကြားတွင် Prime benefit များကိုမျှဝေအသုံးပြုနိုင်ပါသည်။ ထိုသို့ဆောင်ရွက်မှုအတွက် အပိုကုန်ကျငွေမရှိပါ။ သို့သော် Prime benefits ကို Children account ဖြင့် မျှဝေအသုံးမပြုနိုင်ပါ။ သို့သော် household page စာမျက်နှာသို့ဝင်ပြီ းAdd a child ကိုနှိပ်မည်ဆိုလျှင် digital contentများကို ကလေးများနှင့်မျှဝေသုံးစွဲနိုင်သည်။ ကလေးငယ်များသည် Amazon device အသုံးပြုပါက parental control ကိုအသုံးပြုပြီး ထို device များကို စီမံခန့်ခွဲနိုင်သည်။

Netflix
Netflix account ဖွင့်ထားပြီး အသုံးပြုနေသည်ဟုဆိုလျှင် တစ်ချိန်တည်းမှာ တစ်ခုထက်မကသော device များဖြင့် Netflix streaming လုပ်နိုင်သည်။ ထိုသို့အသုံးပြုနိုင်ရန်အတွက် မှန်ကန်သော plan တစ်ခုကို sign up လုပ်ထားရန်လိုသည်။ လောလောဆယ်တွင် Netflix standard plan တစ်ခုအတွက် လစဉ်ကြေးဆယ်ဒေါ်လာရှိသည်။Standard plan ယူထားမည်ဆိုလျှင် device နှစ်ခုမှနေ၍ တစ်ပြိုင်တည်း stream လုပ်နိုင်သည်။

မည်သည့် plan ကို လက်မှတ်ထိုးပြီးရယူထားသည်ဖြစ်စေ Netflix account တစ်ခုစီတိုင်းအတွက် မတူညီသော profile ငါးခုအထိ ပေါင်းထည့်နိုင်သည်။ ထိုသို့ပေါင်းထည့်ထားမည်ဆိုပါက မိမိနှင့်မိသားစုဝင်များအတွက် ပုဂ္ဂိုလ်ရေးသီးသန့် ရုပ်မြင်သံကြားအစီအစဉ်ထောက်ခံချက်များအပြင် မကြာသေးမီကကြည့်ခဲ့သော ဗီဒီယိုစာရင်းကိုလည်းရနိုင်သည်။Profile တစ်ခုပေါင်းထည့်ရန်အတွက် Netflix စာမျက်နှာအပေါ်ညာဖက်ထောင့်တွင်တွေ့ရသော account name တွင်ကလစ်နှိပ်ပြီးနောက် Manage profiles ကိုရွေးရမည်။ Netflix user အားလုံးသည် မိမိတို့၏ credential များကိုသုံး၍ ယင်း account အတိုင်းဝင်ပေးရပါမည်။ ယင်းနောက်တွင် မိမိကိုယ်ပိုင် profile ကို ရွေးကာ Netflix app မှဖြစ်စေ၊ website သို့တိုက်ရိုက်ဝင်၍ဖြစ်စေသုံးနိုင်ပါသည်။

Spotify
ရိုးရိုး spotify account ယူမည့်အစား spotify premium for family account ကိုယူလျှင် မိသားစုဝင် ၅ ဦးနှင့်ဖြစ်စေ၊ သူငယ်ချင်း၅ဦးနှင့်ဖြစ်စေ မျှဝေသုံးစွဲနိုင်သည်။ သို့သော် မိမိ၏ account မှတစ်ဆင့်ဝင်ရမည်ဖြစ်သည်။ အခြားသော အွန်လိုင်းဝန်ဆောင်မှုများနှင့်မတူသည့်အချက်မှာ အခြားသောဝင်ရောက်ချိတ်ဆက်အသုံးပြုသူများ၏ Log in details ကိုသုံးစွဲသူတို့အား သိမ်းဆည်းခွင့်ပြုခြင်းဖြစ်သည်။ ထို့ကြောင့်မိမိအသုံးပြုသော music library နှင့် playlist တို့ကို အခြားသူများနှင့်မရောယှက်ဘဲသီးခြားစီထားနိုင်သည်။ ၁၃ ဒေါ်လာပေးရသော normal premium membership ထက်စာလျှင် ဒေါ်လာ၂၀ ပေးရသော premium membership ကပို၍ ဈေးကြီးသည်။ Normal member ship account ၆ခုဝယ်ယူသည်ထက်စာလျှင် ကုန်ကျစရိတ်သက်သာနေပါသေးသည်။

Family membership setup လုပ်မည်ဆိုလျှင် spotify.com ၏ Family ခေါင်းစဉ်အောက်သို့ ဦးစွာဝင်ရပါမည်။ ပြီးလျှင် Get Started ၌ ကလစ်နှိပ်ရပါမည်။ Spotify premium account ကို set up လုပ်ပြီးပြီဆိုလျှင် အခြားသော account များကို မိမိ၏ account page မှနေ၍ လိုအပ်သလိုစီမံခန့်ခွဲနိုင်သည်။ Premium for family ကို ရွေးချယ်ပြီး စီမံခန့်ခွဲမှုပြုလုပ်ရမည်ဖြစ်သည်။ Empty Slot တစ်ခုကိုကလစ်နှိပ်ရွေးချယ်ပြီးနောက် မိမိ account ထဲတွင် ဝင်ရောက်ပူးပေါင်းစေလိုသူတို့ထံ အီးမေးပို့၍ဖြစ်စေ သို့မဟုတ် Link ပေး၍ဖြစ်စေဖိတ်ကြားနိုင်သည်။ မိမိဖိတ်ကြားသူတို့တွင် spotify premium account ရှိပြီးဖြစ်ပါက သူတို့ account သက်တမ်းကုန်ဆုံးချိန်တွင် spotify premium for Family plan ထဲသို့လွယ်ကူရိုးရှင်းစွာဖြင့် ရွှေ့ပြောင်းနိုင်ပါသည်။

Google Play
ဤဝန်ဆောင်မှုကို play store ဟူ၍လည်းသိထားကြပါသည်။ Play store သည် app များဂိမ်းများကို အခမဲ့ယူသည့်နေရာသက်သက်မဟုတ်ပါ။ အခပေးစာအုပ်၊ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများကို ဝယ်ယူနိုင်သည့်နေရာလည်းဖြစ်သည်။ အခပေးဂိမ်းနှင့် app များကိုလည်း ဝယ်ယူနိုင်သည်။ Google ၏အထူးခွင့်ပြုချက်တစ်ခုမှာGoogle play family library ကိုအသုံးပြု၍ လူတစ်ဦးဝယ်ယူထားသောနေရာများကို ကျန်သည့်မိသားစုဝင် ၅ ဦးထံမျှဝေအသုံးပြုခွင့်ပေးခြင်းဖြစ်သည်။

Family library ကိုset up လုပ်မည်ဆိုလျှင် မိုဘိုင်းဖုန်းပေါ်မှနေ၍ play store app ကိုဖွင့်ပြီး mail menu ထဲသို့ဝင်ရပါမည်။ ပြီးလျှင် account ကို ရွေးရပါမည်။ ပြီးလျှင် Family>Sign up for Family Library ကိုဆက်ရွေးရပါမည်။ ပြီးလျှင် group ကို set up လုပ်ရပါမည်။ မိမိ၏ဖိတ်ခေါ်ခြင်းခံရသော မိသားစုဝင်များသည်လည် းအထက်တွင် ဖော်ပြထားသောအဆင့်များကို လိုက်နာဆောင်ရွက်ရပါမည်။ မိမိဝယ်ယူသောအရာများကို family library ထဲသို့အလိုအလျောက် ထည့်သွင်းပေးရန် setting ချိန်ထားနိုင်သည်။ သို့တည်းမဟုတ် ဝယ်ယူပြီးနောက်ပိုင်း မိမိကိုယ်တိုင်စိတ်ကြိုက်ရွေးပြီး Family Library ထဲသို့ထည့်သွင်းနိုင်ပါသည်။

ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Comments