မီတာ ၂၀၀ အကွာအဝေးထိ ချိတ်ဆက်နိုင်မဲ့ Honor ရဲ့  Super Bluetooth နည်းပညာ

Honor 20 Series ရဲ့ တရုတ်ပြည်တွင်းမိတ်ဆက်ပွဲမှာ Honor ရဲ့ President ဖြစ်သူ Zhao Ming အနေနဲ့  ARK Compiler , EROFS File System ၊ Link Turbo အစရှိတဲ့ နည်းပညာ အသစ်တွေအပြင် Super Bluetooth ဆိုတဲ့ နည်းပညာတစ်ခုကိုချပြသွားခဲ့ပါတယ်။ အဆိုပါ Super Bluetooth ဆိုတဲ့ နည်းပညာမှာတော့ မိခင်ကုမ္ပဏီ Huawei ရဲ့ Chips တစ်ခုဖြစ်တဲ့ Hi1103Chip ကို AI Algorithm အကူအညီရယူပြီး Bluetooth Signal ကောင်းမွန်အောင် အလိုအလျောက်လုပ်ဆောင်ပေးတဲ့ Feature ကိုထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရှိရပါတယ်။ဥပမာ Bluetooth လိုင်းကအားနည်းသွားတဲ့အခါမျိုး မှာ Mobile Phone ကနေ Transmit Power ကိုတင်ပေးလိုက်မှာဖြစ်တဲ့အတွက် Bluetooth လိုင်းဆွဲအားက ပိုမိုကောင်းမွန်သွားအောင်လုပ်ဆောင်ပေးလိုက်တာပါ။

Image Credit: Huawei Central
Super Bluetooth ခေါ် X-BT နည်းပညာကတော့ အံအောဖို့ ကောင်းလောက်အောင် မီတာ ၂၀၀ အကွာအဝေးထိ ချိတ်ဆက်နိုင်မှာဖြစ်ပြီး Data Transfer နဲ့ ပတ်သတ်ပြီး ဘယ်လောက် အမြန်နှုန်းထိ ရရှိလဲဆိုတာကိုတော့ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး။ အစောပိုင်းမှာတုန်းက Huawei ကို SD , WiFi နဲ့ Bluetooth alliances က ပိတ်ဆို့ သွားမယ်လို့ ကြေငြာခဲ့ပေမဲ့ လည်း အခုအခါမှာတော့ အဆိုပါ ကုမ္ပဏီတွေက ပိတ်ဆိုမှု ကို ပြန်လည်ဖြေလျော့ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ Huawei အနေနဲ့ လည်း အခုလို ပိတ်ဆို့ ခြင်းခံလိုက်ရတဲ့ တစ်ချို့ သော နည်းပညာတွေနေရာမှာ ချက်ခြင်း အစားထိုးနိုင်တဲ့ နည်းပညာတစ်ခုကို ပြန်လည်မိတ်ဆက်ပေးလိုက်တာဟာ Stand alone အနေနဲ့ ရပ်တည်နေနိုင်ပြီလားဆိုတာ စဉ်းစားစရာတောင်ဖြစ်လာခဲ့ပါတယ်။

Source: Huawei Central

The post မီတာ ၂၀၀ အကွာအဝေးထိ ချိတ်ဆက်နိုင်မဲ့ Honor ရဲ့  Super Bluetooth နည်းပညာ appeared first on Myanmar Mobile Phones Review.

Comments